NEWS

ပြင်းအား ၅ဒသမ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင် ၃ ကြိမ်ထပ်မံလှုပ်ခတ်

CoverLogo
397 Views

မတ်လ ၅ ရက် မနက် အစောပိုင်းမှာ  ညောင်တုန်းမြို့  အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် နဲ့ နောက်ဆက်တွဲ ငလျင် ၃ကြိမ် လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

နံနက် ၄နာရီ ၃၆ မိနစ် ၄၇ စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၅.၁) ဖြင့်လှုပ်ရှားခဲ့ပြီးနောက် 

၄နာရီ ၅၄မိနစ် ၉စက္ကန့် တွင်အင်အားရစ်(ခ်)တာစကေး  ၄.၈ရှိငလျင်တစ်ကြိမ်၊ ၅နာရီ ၂၀မိနစ် ၄၈စက္ကန့် တွင် အင်အားရစ်(ခ်)တာစကေး  ၃.၅ တစ်ကြိမ်၊၅နာရီ ၂၃မိနစ် ၅၅စက္ကန့်တွင် အင်အားရစ်(ခ်)တာစကေး  ၃.၁တစ်ကြိမ် တို့လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မြေငလျင်လှုပ်ခတ်မှု ကို ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ  သိသိသာခံစား ရပြီး ရန်ကုန်ရှိ အထပ်မြင့် တိုက်ခန်း နေသူ အချို့   တိုက်ပေါ်မှ ဆင်းပြေးရတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

 

"ဒီတခါလှုပ်တာ အတော်လေးကြမ်းတယ် ပထမတခါ လှုပ်ပြီးတော့ အိပ်နေတဲ့သူတွေ အကုန်နိုးကုန်ရော တိုက်က ငါးထပ်တိုက်ဆိုတော့ ဆူဆူညံညံ ဖြစ်ကုန်တာပေါ့  နောက်တစ်ကြိမ် လှုပ်တော့ လူတွေ တိုက်အောက်အကုန်ဆင်းပြေးတာ ""လို့ အင်းစိန်မြို့နယ်နေသူတစ်ဦးကပြောပါတယ်။ 

 

ယခု ငလျင်လှုပ်ခတ်မှုကြောင့် အချို့နေရာတွေ မှာ အသင့်တင့်ပျက်စီးမှု အနည်းငယ်ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပြထားတာတွေ့ရပေမယ့် သက်ဆိုင်ရာဌာန တွေက ထုတ်ပြန်ထားတာ တော့မရှိသေးပါဘူး။

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ငလျင်မလှုပ်မီ၊ လှုပ်ခတ် စဉ်နဲ့ ငလျင်လှုပ်ပြီး အချိန် များတွင် သတိပြုလိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ ကိုတော့ ထုတ်ပြန်ထားပါတယ်။ 

 

ပြီးခဲ့တဲ့ မတ်လ ၃ ရက် ကလည်း တိုက်ကြီး မြို့ရဲ့ အရှေ့တောင်ဘက် ၇မိုင်ခန့်အကွာ အနက်၁၀ကီလိုမီတာ ကိုဗဟိုပြုပြီး အင်းအားရစ်(ခ်)တာစကေး ၄.၅အဆင့် ရှိ ငလျင်တစ်ခု လှုပ်ခတ် ခဲ့ပါသေးတယ်။

 


Related posts

Cover
ဂျပန်ရောက် မြန်မာတွေ ဆူနာမီသတိပေးချက်ကို အလေးထားနားစွင့်ဖို့ အသိပေး
Jul 30, 2025
Cover
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ
Jul 24, 2025
Cover
၂၄ နာရီ အတွင်း မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၂ ပေကျော်မြင့်တက်မည်ဟု မိုးဇလ သတိပေး
Jul 24, 2025
Cover
အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ဒေသအလိုက် မိုးကြီးမည်ဟု မိုးဇလထုတ်ပြန်
Jul 21, 2025
Cover
ချင်းတွင်း၊ စစ်တောင်းနှင့်ပဲခူးမြစ် တို့ မှာ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
Jun 30, 2025
Cover
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသဖြင့် မြို့နယ် ၅ ခု မှာ သတိပြုဖို့ လိုအပ်
Jun 28, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ
May 27, 2025