NEWS

နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး

CoverLogo
319 Views
ယခု နိုဝင်ဘာလ တတိယ ၁၀ရက် ပတ်အတွင်း အချိန်အခါမဟုတ်မိုးရွာခြင်း အအေးပိုခြင်း စတဲ့ လာနီညာ ဖြစ်စဉ် တွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ၂၀ ရက် မှာ အသိပေး ထုတ်ပြန် ထားပါတယ်။
 
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်များဟာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေ အနေသို့ ရောက်ရှိနေတယ်လို့ဆိုပါတယ်။
 
နိုင်ငံတကာ မိုးလေဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ နိုဝင်ဘာလ တတိယ (၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်တယ်လို့ ဟု ခန့်မှန်းကြောင်း ထုတ်ပြန်ထားပါတယ်။
 
ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ် ဖြစ်ပေမယ့် ၎င်း လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှု ဟာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာခြင်း စတဲ့ ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိတယ်လို့ အသိပေးထားပါတယ်။
 
ဒါကြောင့်လာနီညာဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ကို အချိန်နဲ့ တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထားပါတယ်။

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025