NEWS

ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၁၈ ဦးရဲ့ မိသားစုဝင် တွေနဲ့ ဆက်သွယ်မှု မရသေးဟုဆို

CoverLogo
417 Views
 
မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဆောက်လက်စ အဆောက်အဦး ပြိုကျမှု အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၈ ဦးရဲ့ မိသားစုဝင်တွေ နဲ့ အဆက်သွယ်မရသေးဘူးလို့ ထိုင်း-မြန်မာ စကားပြန် ဘာသာပြန်များအသင်း TMIA ထံ မှ သိရပါတယ်။
အဆောက်အအုံပြိုကျမှု မှာ ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ မိသားစုဝင်တွေရရှိဖို့ မိသားစု ဝင်တွေ နဲ့ အဆက်သွယ် မရသေးတဲ့ပျောက်ဆုံး မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ဦးရဲ့ အမည်စာရင်း တွေ ကိုTMIA အသင်းက ထုတ်ပြန်ထားကာ သိရှိသူတွေ အမြန်ဆက်သွယ်ပေးစေလိုတယ်လို့ဆိုပါတယ်။
မိသားစုဝင်တွေ အကြောင်းကြားခြင်း မရှိသေးတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၈ ဦး ရဲ့အမည်စာရင်းတွေက
1. MR. THEIN ZAW O
2. MR. CHIT CO
3. MR. ZAW MYINT
4. MR. MYINT MAUNG
5. MR. KHIN AUNG TUN
6. MR. MOE LAYO AUNG
7. MR. THAN TOR AUNG
8. MR. AUNG THU MOIN
9. MR. KO KO
10. MISS. NAN MON
11. MR. CHIT OO
12. MISS. SWE SWE WIN
13. MISS. YIN MYA
14. MR. TUN LIN AUNG
15. MR. THAW ZIN NAING
16. MR. THA
17. MISS. SEIN SEIN
18. MISS. MA HLA YIN တို့ဖြစ်တယ်လို့သိရပါတယ်။
အဆောက်အဦး ပြိုကျမှု အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ခန့်ရှိကာ လက်ရှိမှာ ပျောက်ဆုံးမြန်မာလုပ်သား ၁၀ဦးကျော်ရဲ့ မိသားစုဝင်တွေ က လာရောက် ဆက်သွယ်စာရင်းပေးထားတယ်လို့ TMIA အသင်းထံ မှသိရပါတယ်။
ပျောက်ဆုံးနေ တဲ့ မြန်မာနိုင်ငံသား မိသားစုဝင် တွေ အနေဖြင့် အတည်ပြုနိုင်ရန်နဲ့ နောက်ဆက်တွဲ အကူအညီများ ရယူနိုင်ရန် DNA စစ်ဆေးရန်အတွက် မှတ်တမ်းကောက်ယူရေးဌာနတွင် စေတနာ့ဝန်ထမ်း ဘာသာပြန်များရဲ့ အကူအညီရယူ၍ ဆက်သွယ်အကြောင်းကြားစာရင်းပေးကြဖို့ကိုလည်း TMIA ကတိုက်တွန်းထားပါတယ်။
ဧပြီလ ၉ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေ အရ အဆောက်အဦးပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦး ၊ ဒဏ်ရာရသူ ၉ ဦး နဲ့ ပျောက်ဆုံးနေသူ ၇၂ ဦးဆက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား၁၅ဦးခန့် ဒဏ်ရာရ
Mar 02, 2026
Cover
ပွဲစားခ ဘတ်၂သောင်းကျော် ပေးပြီး ထိုင်းသို့လာသော မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံရ
Feb 27, 2026
Cover
ထိုင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်သာလာရောက်ကြရန် စစ်ကောင်စီအလုပ်သမားသံရုံး အသိပေး
Feb 26, 2026
Cover
၂နှစ်အတွင်း ပြည်ပတွင် အဖမ်းခံရသည့် မြန်မာ နိုင်ငံသား ၁၇၀၀၀နီးပါးရှိ
Feb 26, 2026
Cover
မြန်မာလုပ်သား ၅၀ ကျော် တင်ဆောင်လာသည့်ကား ရဲဖမ်းခံရမည်စိုး၍ မောင်းပြေးရာ တိမ်းမှောက်ပြီး လူအများအပြားဒဏ်ရာ
Feb 26, 2026
Cover
အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်တွေ့နေ
Feb 25, 2026
Cover
ပွဲစားခ ဘတ် ၁၃၀၀၀ ပေးရပြီး ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ ပုန်းအောင်းလိုက်ပါလာရသည့် မြန်မာလုပ်သား ၁၄ ဦးအဖမ်းခံရ
Feb 25, 2026
Cover
ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိသဖြင့် နှာခေါင်းစည်းတပ်ရန် တိုက်တွန်း
Feb 24, 2026