NEWS

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ်က ဂုံမင်းမြောင် ဟွာရှိန်စက်ရုံတွင် အလုပ်သမား ၃၀၀၀ကျော် လုပ်ခလစာ တိုးမြှင့်တောင်းဆိုနေ

CoverLogo
352 Views
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံလုပ်သားတွေက လုပ်ခလစာတိုးမြှင့်းပေးဖို့ တောင်းဆိုနေ တယ်လို့ သိရပါတယ်။ လက်ရှိ အလုပ်သမား ၃၀၀၀ ကျော် ပါဝင် တောင်းဆိုနေပြီး မေ ၃၁ ရက်မှာ စတင်တောင်းဆိုခဲ့လို့ သိရပါတယ်။
 
အနည်းဆုံး အခကြေးငွေ ဒေးကြေး ၄,၈၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ် ၊ ရက်မှန်ကြေး ကျပ် ၂၀,၀၀၀ကနေ ကျပ် ၆၀,၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က ဒေးကြေး မတိုးပေးဘဲ ရက်မှန်ကြေးပဲတိုးပေးပြီး အမျိုးသား လုပ်သားတွေကို စစ်မှုထမ်းပို့မယ်ဆိုပြီး စက်ရုံဘက်က ခြိမ်းခြောက်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သူတို့က ရက်မှန်ကြေးပေးမယ် ပြောတယ်။ ဒေးyကြေးမပေးဘူးတဲ့။ အလုပ်သမားတွေက လက်မခံ ခဲ့ဘူး။ နောက် ရက်မှန်ကြေးနဲ့ လက်ခံရင် ယောင်္ကျားလေးတွေကို စစ်မှုထမ်းခေါ်သွားမယ်လို့ မန်နေဂျာက ခြိမ်းခြောက်ပါတယ်။”လို့ ပြောပါတယ်။
 
စက်ရုံလုပ်သား ၃,၂၀၀ က လုပ်ခလစာတိုးပေးဖို့ တောင်းဆိုနေကြ လက်ရှိ လုပ်ငန်းခွင်ကို ရပ်ဆိုင်းထားတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026