NEWS

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ်က ဂုံမင်းမြောင် ဟွာရှိန်စက်ရုံတွင် အလုပ်သမား ၃၀၀၀ကျော် လုပ်ခလစာ တိုးမြှင့်တောင်းဆိုနေ

CoverLogo
144 Views
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံလုပ်သားတွေက လုပ်ခလစာတိုးမြှင့်းပေးဖို့ တောင်းဆိုနေ တယ်လို့ သိရပါတယ်။ လက်ရှိ အလုပ်သမား ၃၀၀၀ ကျော် ပါဝင် တောင်းဆိုနေပြီး မေ ၃၁ ရက်မှာ စတင်တောင်းဆိုခဲ့လို့ သိရပါတယ်။
 
အနည်းဆုံး အခကြေးငွေ ဒေးကြေး ၄,၈၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ် ၊ ရက်မှန်ကြေး ကျပ် ၂၀,၀၀၀ကနေ ကျပ် ၆၀,၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က ဒေးကြေး မတိုးပေးဘဲ ရက်မှန်ကြေးပဲတိုးပေးပြီး အမျိုးသား လုပ်သားတွေကို စစ်မှုထမ်းပို့မယ်ဆိုပြီး စက်ရုံဘက်က ခြိမ်းခြောက်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သူတို့က ရက်မှန်ကြေးပေးမယ် ပြောတယ်။ ဒေးyကြေးမပေးဘူးတဲ့။ အလုပ်သမားတွေက လက်မခံ ခဲ့ဘူး။ နောက် ရက်မှန်ကြေးနဲ့ လက်ခံရင် ယောင်္ကျားလေးတွေကို စစ်မှုထမ်းခေါ်သွားမယ်လို့ မန်နေဂျာက ခြိမ်းခြောက်ပါတယ်။”လို့ ပြောပါတယ်။
 
စက်ရုံလုပ်သား ၃,၂၀၀ က လုပ်ခလစာတိုးပေးဖို့ တောင်းဆိုနေကြ လက်ရှိ လုပ်ငန်းခွင်ကို ရပ်ဆိုင်းထားတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

Related posts

Cover
မြန်မာကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။
Jun 06, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံ နှင့် အလုပ်သမားများ သဘောတူညီမှုရရှိ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံလုပ်သားများ လုပ်ခလစာတိုးမြှင့်ရေး တတိယမြောက်နေ့တောင်းဆို”
Jun 05, 2025
Cover
SPRING RIVER KNITTING (MYANMAR) အထည်ချုပ် အလုပ်သမားခေါင်းဆောင်များအား ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်
Jun 05, 2025
Cover
အောစူပါနှင့် အလုပ်သမားများကြား ဆုကြေး အဆ ၃၀ ကွာ ၊ စူပါနှင့် သုံးဆ ကွာ (ဘာကြောင့် ဆုကြေးတွေ အဆ ကွာရသလဲ)
Jun 05, 2025
Cover
အထည်ချုပ်စက်ရုံလုပ်သားတွေ ရှင်သန်စရိတ် လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုတွေဆက်တိုက်ရှိလာ
Jun 04, 2025
Cover
Dishang Fashion (Myanmar) အထည်ချုပ် WCC အဖွဲ့အား ထောက်ပံ့ကြေး ပေးပြီး အလုပ်သမားများအား ဖိနှိပ်
Jun 04, 2025