NEWS

ပဲခူး VHT အထည်ချုပ် အောနိုက် လုပ်ကိုင်ခိုင်း၊ တနင်္ဂနွေပိတ်ရက်များလည်း အနားမပေး

CoverLogo
540 Views
ပဲခူးမြို့ အခြေစိုက် VHT အထည်ချုပ်စက်ရုံမှာ မနက်ဖြန်(ဇူလိုင် ၁၈) ရက်မှာ အောနိုက်(မိုးအလင်း) အချိန်ပို လုပ်ကိုင် ပေးရမယ်ဆိုပြီး လုပ်ငန်းခွင်ထဲမှာ ကြေညာထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့လည်စာ စားအပြီးကတည်းက ည ၇ နာရီ အထိ အနားမပေးဘဲ ဆက်တိုက်လုပ်ကိုင်ပေးရတဲ့ အပြင် မနက် ၅ နာရီအထိ အောနိုက် လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
“ ရှေ့အပတ်တွေမှာ တနင်္ဂနွေနေ့တိုင်း ဆင်းပေးရတယ်၊ အဲဒါကို ပိတ်ရက် ၃ ရက်ရှိတယ်ဆိုပြီး အောနိုက် ဆင်းခိုင်းနေတာပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။’
 
နေ့စဉ် အချိန်ပိုတွေလုပ်ကိုင်ရတဲ့ အပြင် တနင်္ဂနွေနေ့တွေပါ လုပ်ကိုင်ရတာကြောင့် အလုပ်သမားတွေမှာ ပင်ပန်းဒဏ် ခံစားရပြီး ဖျားနာမှုတွေ ဖြစ်ပွားနေလို့ အောနိုက် မဆင်းလိုဘူး လို့ အလုပ်သမားတွေက ပြောပါတယ်။ ဇူလိုင် ၁၆ ရက်မှာ စက်ရုံဘက်က အောနိုက် မဖြစ်မနေ လုပ်ကိုင်ပေးရမယ်ဆိုပြီး စက်လိုင်းအလိုက် မီတင်ပြုလုပ် ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ စက်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။
 
“အဲ့ဒီမီတင်မှာ ကြာသာပတေးနေ့ (မနက်ဖြန်) အောနိုက်မဆင်းရင် ပိတ်ရက် သုံးရက်အတွက် လုပ်ခလစာ ၊ ရပိုင်ခွင့်တွေကို လစာထဲ ထည့်မပေးဘူးလို့ ပြောတယ်” လို့ ပြောပါတယ်။
 
စက်ရုံအလုပ်သမားတွေ ရပိုင်ခွင့်တွေဖြစ်တဲ့ ဒေကြေး၊ ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေး(ဂရိတ်) သုံးမျိုး ဖြတ်တာက် ခံရပါက ကျပ် တသိန်း နီးပါး နစ်နာရမှာ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။ အောနိုက် လုပ်ပေးရမယ်ဆိုတာကို အသံချဲ့စက်၊ ကြေညာဘုတ်တွေမှာ ကြောညာတာမဟုတ်ဘဲ အောစူပါကိုယ်တိုင် အတည်ပြုပေးခဲ့တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“မီတင်မှာ အလုပ်သမားတွေက မဆင်းချင်တဲ့ အကြောင်း ပြောတယ်၊ ခဏနေတော့ အောစူပါလာပြီး ဆင်းရမယ်၊ မဆင်းရင် ပိတ်ရက် သုံးရက်အတွက် လုပ်ခနဲ့ ရပိုင်ခွင့်ဖြတ်မယ်လို့ ပြောခဲ့တာပါ။” လို့ ပြောပါတယ်။
 
VHT အထည်ချုပ်စက်ရုံဝင်းအတွင်း အဆောက်အဦ နှစ်ခုမှာ အလုပ်သမား ၁၅၀၀ ဝန်းကျင်က YZ အမှတ်တံဆိပ် ဝယ်လွန်နဲ့ ဂျာကင် အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံမှာ WCC ဖွဲ့စည်းထားပေမဲ့ အလုပ်သမားအရေး ဆောင်ရွတ်ပေးတာမရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံကတော့ တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်ပြီး ပဲခူးမြို့၊ ပဲခူးစက်မှုဇုန်၊ ဆင်ဖြူကွင်း လမ်းခွဲအနီးမှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Related posts

Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026