NEWS

ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ

CoverLogo
894 Views

လူငယ်တွေပေါ်တာဆွဲခံရတဲ့သတင်း တွေ ဆက်တိုက်ဆိုသလိုထွက်ပေါ်နေတာကြောင့်စစ်မှုထမ်းဥပဒေအရအသက်ပြည့်မီသူရှိတဲ့မိသားစုဝင်တိုင်းဟာစိတ်ပူပန်ရတာတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။

စစ်ကောင်စီ လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ စစ်မှုထမ်းဥပဒေအရသတ်မှတ်ထားတဲ့အသက်အရွယ်ဟာလုပ်ငန်းခွင်ဝင်ရောက်နိုင်တဲ့ အရွယ်တွေဖြစ်ပြီး လက်ရှိမှာလုပ်ငန်းခွင်အများစုဟာမြို့လည်ခေါင်အချက်အချာကျတဲ့နေရာတွေ၊ လူစည်ကားရာနေရာတွေမှာတည်ရှိနေတာဖြစ်ပါတယ်။လုပ်ငန်းခွင်အများစုဟာလည်းညနေ(၆)နာရီဝန်းကျင်မှသာအလုပ်ပိတ်တာကြောင့်လှိုင်သာယာ၊ရွှေပြည်သာ၊မဂ်လာဒုံအစရှိတဲ့မြို့အစွန်အဖျား‌နေရာ‌မှာနေထိုင်သူတွေဟာ လုံခြုံရေးအခြေအနေကိုပါ စိုးရိမ်နေရတာဖြစ်ပါတယ်။

"ကျွန်‌တော်တို့ဘက်တွေမှာကစက်ရုံအလုပ်တွေပဲပေါတယ်။တခြားအလုပ်တွေလုပ်ချင်ရင်မြို့ထဲထိသွားမှအလုပ်အကိုင်အခွင့်အလမ်းရှိတယ်။ဒီကာလမှာအလုပ်နားလို့ကလည်းမဖြစ်ဘူး။အလုပ်ကလည်း(၆)နာရီနောက်ပိုင်းမှပြန်ရတယ်။အိမ်ပြန်ရင်လည်းမ‌ ရောက်မချင်းရင်တမမပဲ။အိမ်ကလူတွေလည်းစိတ်ပူရတယ်။ကိုယ်တိုင်လည်းကြောက်တယ်"လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီးနောက်ပိုင်းမှာလူငယ်တွေရဲ့စိတ်ပူပန်မှုဟာပိုမိုမြင့်တက်လာပြီးအကြောင်းမဲ့ဖမ်းဆီးခံရတဲ့ အကြောင်းတွေလည်း မကြာခဏဆိုသလိုသတင်းတွေထွက်ပေါ်နေပါတယ်။

"အပြန်ဆိုကားကလည်းအဆင်မပြေပါဘူး။အခုကပေါ်တာဆွဲမှာကြောက်ရတာနဲ့ခေတ်မကောင်းလို့ခိုးဆိုးလုနှိုက်ကြောက်ရတာနဲ့စိတ်တွေအဆင်မပြေဘူး။အခုကမြို့စွန်ဘက်တွေမှာည(၇)နာရီလောက်ဆိုလူမရှိတော့ဘူး"လို့
အမျိုးသမီးဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာပေါ်တာဆွဲတဲ့သတင်းတွေကြောင့်စက်ရုံတွေမှာလုပ်ကိုင်နေရတဲ့သူတွေလည်းစိတ်ပူပန်နေရတယ်လို့ ပြောဆိုထားကြပါတယ်။

"အခုထိအချိန်ပိုတွေခေါ်တာရှိတယ်။ဖယ်ရီနဲ့ဆိုပေမယ့်ဖယ်ရီပေါ်တက်ဆွဲတောင်ပြောလို့ရတာမှမဟုတ်တာ။ဖြစ်နိုင်ရင်တော့ဒီကာလလေးတစ်ခုတော့အလုပ်ရှင်တွေဘက်ကလိုက်လျောပေးနိုင်ရင်ကောင်းမယ်။အခုဆိုကျွန်တော်တို့လည်းစိတ်ပူနေရတယ်။တစ်ခုခုဆိုစက်ရုံဘက်ကဘယ်လိုတာဝန်ယူမလဲဆိုတာကျမေးလို့မရဘူး"လို့စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ အများပြည်သူအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေ ဟာပိုမိုဆိုးရွားလာနေတာဖြစ်ပြီး စစ်မှုထမ်းဥပဒေထုတ်ပြန်အတည်ပြုပြီးနောက်ပိုင်းမှာတော့ စိုးရိမ်မှုတွေပိုမိုမြင့်တက်လာနေတာပဲဖြစ်ပါတယ်။


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026