NEWS

ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ

CoverLogo
561 Views

ရန်ကုန်မှာ ပေါ်တာဆွဲတဲ့သတင်းတွေ ရက်ပိုင်းအတွင်းဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်သူတွေဟာ အလုပ်သမားတွေအတွက် စိတ်ပူပန်နေရပြီး အခက်တွေ့နေတယ်လို့  ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းက စတင်ကာ စစ်ကောင်စီထိန်းချုပ်တဲ့ ဒေသတွေမှာ လူငယ်တွေကိုပေါ်တာဆွဲတာတွေနဲ့ အလုပ်ရရှိမယ်ဆိုကာ လိမ်လည်ခေါ်ဆောင်တာတွေ ဆက်တိုက်ဆိုသလို ပြန်လည်ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေကိုသာမက လုပ်ငန်းရှင်တွေကိုပါ အခက်တွေ့စေတာ ဖြစ်ပါတယ်။

“ကျွန်မတို့က လုပ်ငန်းအကြီးတွေ မဟုတ်ဘူး။ အလုပ်သမားက လေးယောက်လောက်ပဲ ရှိတာပါ။ အခုက ပေါ်တာဆွဲတာတွေ ပြန်ကြားနေရတော့ စိတ်ကဘယ်လိုမှ အဆင်မပြေဘူး။ လုပ်ငန်းအသေးဆိုတော့ သူတို့အသွားအလာကို မစီစဉ်ပေးနိုင်ဘူး။ ဒါပေမယ့် ဈေးရောင်းတာဆိုတော့ ည(၈)နာရီကျော်လောက်မှ ပိတ်လို့ရတယ်။ ကိုယ့်မြို့နယ်ထဲပဲ ပြန်တာဆိုပေမယ့် လမ်းမှာပါသွားရင် ဘယ်လိုလုပ်မလဲ။ သူတို့ကို စောပြန်ခိုင်းရင် ကိုယ့်အလုပ်ကထိမယ်။ ပြောရမယ်ဆို စက်ရုံတွေလို ဖယ်ရီတွေဘာညာလည်း မစီစဉ်ပေးနိုင်တော့ အိမ်ရောက်ရင် ဖုန်းဆက်ပါ၊ သူတို့ဖုန်းဆက်မှ ကိုယ်မယ်အလုံးကြီးကျတယ်”လို့ လူသုံးကုန်နဲ့ စာသောက်ကုန်ရောင်းချသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပေါ်တာဆွဲသည့်သတင်းတွေကြောင့် အလုပ်သမားမိသားစုတွေဟာလည်း စိုးရိမ်သောကတွေ ရှိနေပြီး အလုပ်ချိန်ညှိနှိုင်းပေးဖို့နဲ့ ညအိပ်ရေးအတွက် စီစဉ်ပေးဖို့ ပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အလုပ်ချိန်က မနက် (၈) ကနေ ညနေ (၆) အထိ ခေါ်ထားတယ်။ ဒါပေမယ့် ညနေ (၅) နာရီကျော်ရင် ပြန်ခိုင်းပါ တယ်။ ကိုယ့်ဘာသာပဲ ဆိုင်ဆက်ဖွင့်တယ်။ အမှန်တော့ အဆင်မပြေဘူးပေါ့။ ဆိုင်သိမ်းပစ္စည်းစီတာ၊ပြန်သိမ်းတာ ကိုယ့်ဘာသာ အကုန်လုပ်ရတယ်။ ဒါပေမယ့် ကိုယ်အပင်ပန်းခံလိုက်တာ ပိုကောင်းမယ်တွေးလိုက်တယ်။ နောက်ဆက်တွဲလည်း ကျွန်မတို့က အလုံးစုံတာဝန်မယူနိုင်ဘူး။ ဒီကာလမှာ လုပ်ခလစာပေးဖို့တောင် မနည်း ရုန်းကန်နေရတာ။ တစ်ခြားပြဿာနာတွေပါ လိုက်ရှင်းပေးဖို့ မလွယ်လို့ ဘေးကင်းရေး ဦးစားပေးလိုက်တယ်”လို့ ဂတ်စ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့အစွန်အဖျားမှာ နေထိုင်သူအများစုဟာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် လူစည် ကားရာ အချက်အချာကျတဲ့  မြို့နယ်တွေမှာ သွားရောက်လုပ်ကိုင်နေရတာပါ။ ဒီအခြေအနေမှာ ပေါ်တာဆွဲတဲ့သတင်းတွေမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားရတယ်လို့ ပြောဆိုကြပါတယ်။


#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026