NEWS

ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ

CoverLogo
238 Views
 
စစ်မှုထမ်း ရန် အဓမ္မ ခေါ်ယူခံရတာ(ပေါ်တာဆွဲ)ကို စိုးရိမ် တာကြောင့် အမျိုးသား လုပ်သား အများစု မှာ မိမိနေထိုင်ရာ နဲ့ နီးတဲ့ လုပ်ငန်းခွင်​တွေ သာ လုပ်ကိုင်မှု ပိုများလာတယ်လို့ သိရပါတယ်။
 
ယခင်က အလုပ်သမားအများစုမှာ လုပ်ခလစာနဲ့ အလုပ်အကိုင်အခွင့်လမ်း တွေကို အဓိက ထားပြီး အလုပ်ကိုင် ရှာဖွေကျပေမယ့် စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်း အမျိုးသား လုပ်သား ​တွေကို ညပိုင်းတွေသာမက နေ့ခင်းပိုင်းတွေမှာပါ စစ်မှုထမ်း အတွက် ပေါ်တာဆွဲတာ တွေ ပိုမို များ ပြားလာတာကြောင့် မိမိလုံခြုံရေးကိုသာ အဓိက
ထား ပြီး အလုပ်အကိုင်ရှာဖွေ နေရတယ်လို့ ရန်ကုန်ရှိ လုပ်သားတစ်ဦးက ပြောပါတယ်။
 
""အခုက ညပိုင်း ထွက်လို့ ပေါ်တာ ဆွဲတာတင်မဟုတ်ဘူး နေ့ခင်း ဘက်လူရှင်းရင်တောင် ပေါ်တာဆွဲခံရတာတွေ များလာတော့ အလုပ်ရှာမယ်ဆိုရင်လစာ ဘယ်လောက်ရမယ်ဆိုတာ ထက် ကိုယ့်နေတဲ့နေရာနဲ့ နီးလား သွားလာရအဆင်ပြေမလား အလုပ်ချိန် ညနေဘက်စောဆင်းပေးလားဒါကိုအဓိက ထားပြီး ရွေးချယ်ရတယ် ""လို့ လုပ်သားတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် အလုပ်လက်မဲ့ ဖြစ်နေတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်း လစာငွေကြေး အပေါ် မက်လုံးတွေ ပေးပြီး စစ်မှုထမ်းအပါအဝင် ကျားဖြန့် လုပ်ငန်း စတဲ့နေရာ တွေကိုပါ ရောင်းစားတာတွေပါ များ လာတာကြောင့် အလုပ်သမားတွေ မှာအလုပ်ရှာဖွေရာမှာ သတိကြီးစွာ ထားနေရတယ်လို့ သိရပါတယ်။
 
"" ကိုယ့်အသိမိတ်ဆွေ ထဲ မှာ တင် နယ်မှာ အလုပ်ရမယ် လစာကောင်းတယ်ဆိုပြီး စစ်ထဲ ရောင်းစားခံ လိုက်ရတဲ့ သူတွေ အများကြီးဘဲ အဲ့လို အဖြစ်တွေ များတော့ လစာ ကောင်းတဲ့ အလုပ်ဆိုရင်တောင် မယုံရဲကျတော့ဘူး မိသားစုတွေကလည်း နယ်ဝေး အလုပ်ဆိုရင် စိုးရိမ်ပြီး လုပ်ခွင့်မပေးကျတော့ဘူး ကိုယ့်အိမ်နဲ့နီးတဲ့နေရာ အသိမိတ်ဆွေ ရှိတဲ့ လုပ်ငန်း မျိုးတွေကိုပဲ အလုပ်ဝင်လုပ်ကြတာ များတယ် ""လို့ တပိုင်တနိုင် အိမ်တွင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ လ ၁၀ရက်မှာ စတင် ထုတ်ပြန်ခဲ့ ပြီး နောက် ဖေဖေါ်ဝါရီ ၁၁ရက်မှ ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်အထိ စစ်မှုထမ်းရန် ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၉၁၆၃ ဦးရှိတယ်လို့ Spring Revolution Database (SRD)ရဲ့ ထုတ်ပြန်ထားတဲ့ အချက်လက်တွေအရ သိရပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026
Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026