NEWS

ပုသိမ် Amava Apparel အထည်ချုပ်စက်ရုံတွင်အလုပ်သမားများ စုပေါင်းတောင်းဆိုမှုဖြစ်ပွား

CoverLogo
1.5K Views

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ၊အမှတ်၁၃ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံတွင် ဒီကနေ့မှာ ​ အလုပ်သမားများ လုပ်ငန်းခွင်အတွင်းလုပ်လက်စအလုပ်များရပ်ကာ စုပေါင်းတောင်းဆိုမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

"၂၀၂၂ ၊၁၂လပိုင်းမှာ WCC ကိုခေါ်ပြောတယ် ဆေးလက်မှတ်ခွင့် ၁ရက်ယူတာနဲ့ ရက်မှန်ကြေးထဲက တစ်သောင်းကျပ်ဖြတ်မယ် ၊ ရှောင်တခင်ခွင်ရက် ၂ရက်ယူရင် ရက်မှန်ကြေးထဲက တစ်သောင်းကျပ်ဖြတ်မယ် ပြောလာတယ် ဒီကိစ္စကို သမဂ္ဂကို အသိပေးခဲ့တာမရှိဘူး။ အလုပ်သမားတွေက လက်မခံဘူး ၂၀၁၉ ခုနှစ်က အလုပ်ရှင်၊အလုပ်သမား ၊ ဌာနဆိုင်ရာနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်အတိုင်း ဘာခွင့်ယူယူ ၃ရက်ပျက်မှ တစ်သောင်းကျပ်ဖြတ်မယ် ဆိုတာကို တောင်းဆိုကြတာ"လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါစက်ရုံဟာ သီရိလကာ်နိုင်ငံသားပိုင်၊ လုပ်သား တစ်ထောင်ကျော်ရှိပြီး Blaklader Brand ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ၇လပိုင်း ၂၉ရက်နေ့မှာလဲ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာတွေကြောင့် အလုပ်သမားတစ်ထောင်ခန့်ဟာ ၁၉ချက်ပါ တောင်းဆိုချက်အား စက်ရုံရှေ့တွင်စုပေါင်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

"ညီမတို့ကတော့ ၂၀၁၉ကချုပ်ခဲ့တဲ့ စာချုပ်အတိုင်းပဲဆက်ရှိချင်တယ်"လို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

၂၀၁၂၂ ခုနှစ်၊ ၁၂လ ပိုင်းမှာ လူဦး​ရေ ၇၀ ကျော်

ပထမအကြိမ်လုပ်သားအင်အားလျှော့ခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ ၄လပိုင်းမှာ လုပ်သားအင်အား ၇၀ ကျော်

ထပ်မံလျှော့ချခဲ့ပါတယ်။

လုပ်သားအင်အားလျှော့ချမူမှာမှာ အလုပ်သမားအခွင့်အရေးသိသူတွေ ၊ အလုပ်သမားရေးတတ်ကြွလှုပ်ရှားသူတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ သမဂ္ဂခေါင်းဆောင်တွေပါဝင်ခဲ့တာကြောင့် သမဂ္ဂကိုရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းတာလို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

၂၀၂၃ ခုနှစ် ၂လပိုင်းကလဲ စက်ရုံဘက်ကနေ အလုပ်သမားတွေ ဆေးလက်မှတ်ခွင့်လာယူရင် မပေးဖို့လမဖကိုအကြောင်းကြားပြောဆိုခဲ့တာတွေလဲရှိခဲ့ပါတယ်။

#MyanmarLabourNews


Related posts

Cover
Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ
Aug 24, 2025
Cover
LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်
Aug 23, 2025
Cover
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ
Aug 23, 2025
Cover
SHWE MYINN ရေလျှော်စက်ရုံ အချိန်ပို ညလုံးပေါက် လုပ်ကိုင်ခိုင်း
Aug 22, 2025
Cover
Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Aug 22, 2025
Cover
Sky Fashion Myanmar လုပ်ခ လျှော့ပေးသည့်အပြင် လစာခွဲခြားပေး၊ အလုပ်ထုတ်
Aug 22, 2025
Cover
ပိတ်လိပ်ခိုးယူသည်ဟုစွပ်စွဲခံရသည့် အလုပ်သမား ၂ ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ
Aug 21, 2025
Cover
J&F Myanmar LNY Caps စက်ရုံ အလုပ်သမားများအား HR မန်နေဂျာ ခွဲခြားဆက်ဆံနေ
Aug 21, 2025