NEWS

ပုလိပ်ဖြင့်ဖမ်းခိုင်းမည်ဟုခြိမ်းခြောက်ပြီး လုပ်အားခမပေးဘဲ အလုပ်လုပ်ခိုင်း

CoverLogo
321 Views
 
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လမ်လုကာ ခေါင်(၁၀ ) တွင် ရှိသော (သစ်သားကစားကွင်းလုပ်သည့်စက်ရုံ)မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၅ ဦးကို သူဌေးဖြစ်သူက လုပ်အားခမပေးတဲ့ အပြင် အလုပ်မဆင်းတဲ့သူတွေ ကို ပုလိပ်နဲ့ဖမ်းခိုင်းမယ်ဆိုကာ ခြိမ်းခြောက်ပြီး အလုပ်လုပ်ခိုင်းတာကြောင့် WAG အဖွဲ့ကို အကူအညီတောင်းခံခဲ့တာလို့သိရပါတယ်။
 
မြန်မာလုပ်သား ၂၅ဦးကို သူဌေးဖြစ်သူက လုပ်ခမပေးတာ ၃ လစာ ရှိနေပြီ ဖြစ်ပြီး ချေးငွေ ထုတ်သော်လည်း ရက်ချိန်းသာပေးပြီး ချေးငွေမထုတ်ပေးဘူးလို့ အလုပ်သမားတွေထံမှ သိရပါတယ်။
 
မိမိတို့ရသင့်တဲ့ လုပ်ခမပေးတဲ့ အတွက် ယခု ဩဂုတ်လ ၁ရက်ကစပြီးမြန်မာလုပ်သားတွေက အလုပ်မဆင်းဘဲ နေတာ မှာ စက်ရုံတာဝန်ရှိသူက အလုပ်မဆင်းရင် ပုလိပ်နဲ့ဖမ်းခိုင်းမယ်လို့ခြိမ်းခြောက်တဲ့ အတွက် ချာချင်ဆောင်ဘက်မှာ အလုပ် ၁၀ ရက်ခန့်သွားရောက်လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လုပ်အားခမပေးသေးဘဲ စက်ရုံ အလုပ်မဟုတ်တဲ့ သူဌေးရဲ့ နွားခြံ မှာ အလုပ်ခိုင်းတဲ့ အတွက် မြန်မာအလုပ်သမားတွေဟာ သူဌေးအပေါ်အယုံအကြည်မရှိတော့တာကြောင့် လုပ်အားခ ပြန်ရဖို့ အတွက် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံခဲ့တာလို့ဆိုပါတယ်။
 
WAG အလုပ်သမား မဟာမိတ်အဖွဲ့ အနေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကို ဩဂုတ်၂၃ရက်က လက်ခံခဲ့ ပြီး လုပ်အားခ တွေ ပြန်ရဖို့ကူညီပေးသွားမယ်လို့သိရပါတယ်။
 
မြန်မာအလုပ်သမား ၂၅ဦး မှာ MOU နဲ့ဘတ်အသစ် ကိုင်ဆောင်ထားသူတွေဖြစ်ပြီး ၎င်းစက်ရုံမှာ အလုပ်လုပ်နေတာ ၂နှစ်ခန့်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026