NEWS

ပိတ်လိပ်ခိုးယူသည်ဟုစွပ်စွဲခံရသည့် အလုပ်သမား ၂ ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

CoverLogo
462 Views
 
Wan Xin Myanmar Company Limited အထည်ချုပ်စက်ရုံလုပ်ငန်းခွင်မှာ ပိတ်လိပ်ပျောက်တယ်ဟုဆိုကာ စွတ်စွဲခံရတဲ့အလုပ်သမား ၂ ဦး ရိုက်နှက် စစ်ဆေးပြီး ရဲစခန်းမှဖမ်းဆီးသွားပြီးနောက်ပိုင်း ပျောက်ဆုံးသွားတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေကပြောပါတယ်။
 
စက်ရုံမှာ ဩဂုတ် ၁၀ ရက်နေ့က ပိတ်လိပ်ပျောက်တဲ့ကိစ္စနဲ့ အလုပ်သမား ၂ ဦးကို ရဲခေါ်ဖမ်းခိုင်းခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ ပိတ်လိပ် ၂ ခုကိုတော့ စကားပြန်ဖြစ်သူက စက်ရုံကို ပြန်သယ်လာတာတွေ့ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
"၁၀ ရက်နေ့ကပါ ပိတ်လိပ်ပျောက်တယ်ဆိုပြီး အလုပ်ရှင်က ရဲခေါ်လိုက်တာ ရဲက အလုပ်သမား ၂ ယောက်ကို အခန်းထဲထည့်ပြီး ရိုက်နှက်စစ်ဆေးမေးမြန်းပြီး လုပ်ငန်းခွင်ထဲကဖမ်းခေါ်သွားတယ်၊ ည ၇ နာရီမှာ စကားပြန်က ပျောက်နေတဲ့ ပိတ်လိပ်ကို သုံးဘီးဆိုင်ကယ်နဲ့ ပြန်သယ်လာတယ်။ အလုပ်သမားတွေခိုးတယ်လို့တော့မထင်ဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
လက်ရှိမှာ အဆိုပါ ဖမ်းဆီးခံရတဲ့ အလုပ်သမား ၂ ဦးမှာ သတင်းအစအန မရတော့တာကြောင့် စစ်မှုထမ်းအတွက် ထည့်ပေးလိုက်တဲ့သတင်းတွေလည်း ထွက်ပေါ်နေလို့ အလုပ်သမားတွေက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
 
အဆိုပါ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်နဲ့ Sinsay, Beverly Hills Polo Club, Nautica, အမှတ်တံဆိပ်တွေချုပ်လုပ်နေတာပါ။
 
လက်ရှိလုပ်ငန်းခွင်မှာချိုးဖောက်မှုတွေ လည်းရှိနေပြီး ကလေးလုပ်သားတွေကို အလုပ်လုပ်ရန်သင့်လျော်ကြောင်းဆရာဝန်ထောက်ခံစာမပါဘဲ လူကြီးလုပ်သားတွေနဲ့ တန်းတူ ခိုင်းစေတာ၊ တနာရီကို အထည် ၃၀ သတ်မှတ်တောာင်းခံတာ ၊ စံချိန်မပြည့်ပါက ဆဲဆိုခိုင်းစေတာနဲ့ အချိန်ပိုကို နေ့စဉ် အနားမရဘဲ ဆင်းနေရလို့ ကျန်းမာရေးထိခိုက်မှုတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
"နေ့တိုင်းမိုးလင်းပေါက်ဆင်းနေရတယ် ဘယ်အလုပ်သမားမှမခံနိုင်တော့ဘူး ငြင်းလို့လည်းမရဘူး အိုတီဆင်းတာကို လူမိုက်တွေ ရဲတွေခေါ်ပြီးဖိအားပေးဆင်းခိုင်းတာ အလုပ်သမားတွေကစားဝတ်နေရေးကလည်းရှိတော့ ကြောက်ကြောက်နဲ့ဆက်လုပ်နေရတယ် အလုပ်လုပ်ရင်း ကျန်းမာရေးထိခိုက်လို့ လဲသွားလည်း သူတို့အတွက်က နောက်လူတွေတန်းစီနေတော့ အားကုန်အောင်ခိုင်းတာ"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အချိန်ပိုအဓမ္မဖိအားပေးခိုင်းစေပေမယ့် အလုပ်သမားဥပဒေပါ ခွင့်ခံစားခွင့်တွေမပေးသလို လူမှုဖူလုံရေးကြေး လစဉ်ထည့်ဝင်ရပေမယ့် ဆေးခွင့်ခံစားခွင့်မရဘူးလို့ ပြောပါတယ်။
 
"နေထိုင်မကောင်းသည်ဖြစ်စေ အရေးပေါ်တစုံတရာရှိသည်ဖြစ်စေ ခွင့်မရတဲ့အတွက် တရက်ပျက်တာနဲ့ ဒေးကြေး ရက်မှန်ကြေး ၅၀၀၀၀ အဖြတ်ခံရတယ်။ ကိုယ်ဝန််ဆောင်အလုပ်သမားဆို လရင့်လာရင်အလုပ်ကထုတ်လိုက်တယ်၊ ဘာအလုပ်သမားအခွင့်အရေးမှမရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ အခုလို လုပ်အားခေါင်းပုံဖြတ်တာ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာမှုမရှိတာတွေက မြန်မာအလုပ်သမားတွေရဲ့ လူမှုဘဝတွေ ပိုမိုဆိုးရွားလာစေသလို ဂုဏ်သိက္ခာကင်းမဲ့တဲ့ လုပ်ငန်းခွင်တွေအဖြစ်ပါ တွန်းပို့နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ကိစ္စရပ်တွေ ကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 
အလုပ်သမားတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဖိအားပေးပြီး အောလင်း၊ အောနိုက်အချိန်ပိုအိုတီဆင်းခိုင်းခြင်း မပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီဆင်းခိုင်းရန်အတွက် လုပ်ငန်းခွင်ထဲ လူမိုက်များနဲ့ ရဲခေါ်ပြီး အလုပ်သ မားများကို ခြိမ်းခြောက်ဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်များကိုသာတောင်းခံရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားကိုယ်ဝန်ဆောင်သယ်များကို အလုပ်ထုတ်ပယ်ခြင်းမပြုလုပ်ရန်။
၅။ လုပ်ငန်းခွင်ထဲတွင် မီးဘေးအန္တာရယ်ကင်းရှင်းအောင် အလုပ်ရှင်ဘက်မှစီစဥ်ဆောင်ရွက်ပေးရန်။
၆။ အသက်၁၄,၁၅,၁၆အရွယ်ရှိ လူငယ်၊လူရွယ်အလုပ်သမားများ ၁၀၀ကျော်ကိုလည်း လူကြီးအလုပ်သမား များဖြင့်တန်းတူစေခိုင်းခြင်းမပြုလုပ်ရန်
၇။ ဖမ်းဆီးထားသောအလုပ်သမား ၂ ဦးအားအမြန်ဆုံးပြန်လွှတ်ပေးရန်
တောင်းဆိုထားပါတယ်။
 
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026