NEWS

ပန်းရောင်ဘတ်ပြုလုပ်ပေးမယ့်ရက်ချိန်း အတိအကျမကြေညာသေးဘဲ ပွဲစားနဲ့အေဂျင်စီ တွေကို ငွေကြိုလွှဲတွေတာတွေ မပြုလုပ်ဖို့ အလုပ်သမားရေးကူညီသူတွေ သတိပေး

CoverLogo
347 Views

ထိုင်းနိုင်ငံအတွင်း က  အထောက်အထားမဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းဝန်ကြီးအစည်းဝေးမှာ အတည်ပြုပြောကြားထားပါတယ်။ 

ဒါ​ပေမယ့် ရက်ချိန်းအတိအကျမကြေညာသေးဘဲ ဘတ်လုပ်ပေးမယ့် အေဂျင်စီနဲ့ပွဲစားတွေကိုငွေကြိုလွှဲပေးတာတွေ မပြုလုပ်ဖို့ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးသူတွေကသတိပေးထားပါတယ်။ 

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးရန် အချက် အပါအဝင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအချက်တွေ ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက အဆိုတင်သွင်းခဲ့ကာ အစိုးရအဖွဲ့ ဝန်ကြီး အစည်းအဝေးက အတည်ပြုပေးလိုက်တယ်လို့ သိရပါတယ်။ 

ပန်းရောင်ဘတ် ထုတ်ပေးတာမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါဝင်တယ်လို့ဆိုပါတယ်။ 

""အခု ကဝန်ကြီးချုပ်အသစ် လက်ထက်မှာ ပန်းရောင်ဘတ်နဲ့ ရွှေ့ပြောင်းလုပ်သား အရေးကိစ္စ တင်ပြတဲ့စာထွက်တာ အခုစာကို အထက်လွှတ်တော် အောက်လွှတ်တော်ကနေ အတည်ပြုပြီး မှ ဘယ်နေ့ လုပ်ရမယ်ဆိုတာ ထွက်လာမယ် အခုစိတ်ပူတာက ပန်းရောင်ဘတ်အသံပဲကြားပြီဆိုရင်  ပွဲစားတွေက ငွေကြိုကောက်တော့မယ် ဘတ်လုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် ပြန်မပေးဘူး ဒီလို အမှု မျိုးတွေ အရှေ့မှာလဲ ကြုံခဲ့ကြရပြီး အလုပ်သမားတွေပဲနစ်နာတာ  ဒါကြောင့် ပန်းရောင်ဘတ်လုပ်ဖို့ ရက်မသတ်မှတ်ရသေးဘူး ပွဲစားတွေကို ငွေကြိုလွှဲတာတွေ မလုပ်ဖို့ ပြောချင်ပါတယ်""လို့ ထိုင်းရောက်မြန်မာ အလုပ်သမားအရေးဆောင်ရွက်ပေးသူ ကိုရဲမင်း MHAC က သတိပေးထားပါတယ်။ 

၎င်း ထုတ်ပြန်ချက် အသက်ဝင်လာပါက သတ်မှတ်ကာလအတွင်း အလုပ်ရှင်က အလုပ်သမားတွေရဲ့  အမည်စာရင်း (Name List) ကို အလုပ်သမားခန့်ထားရေးရုံး ကို ကနဦး တင်သွင်းရမှာ ဖြစ်ပြီး အလုပ်လုပ်ခွင့်အမည်စာရင်း ရရှိလာပါက ထိုင်းနိုင်ငံအတွင်း ၁ နှစ် ယာယီအလုပ်လုပ်ခွင့် ရရှိမည်ဖြစ်ကာအမည်စာရင်းတင်သွင်းရာတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များကိုလည်း မှီခိုစာရင်းတွင် တင်သွင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026