NEWS

နေ့စားအလုပ်သမားတွေ ၁ ရက် ၃၆၀၀ ကျပ်ဖြင့်လုပ်ကိုင်နေရ၊ ခွင့်ယူပါက တစ်ခါတည်း အလုပ်ထုတ်ခံရ ပြီး အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးမှုများဖြစ်ပေါ်နေတယ်လို့ HEN BO Myanmar အထည်ချုပ်အလုပ်သမားတွေပြော

CoverLogo
1.4K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ မှာအလုပ်သမား ၆၀၀ ကျော်နဲ့ ဖွင့်လှစ်ထားတဲ့ HEN BO Myanmar အထည်ချုပ်စက်ရုံမှာ နေ့စားအလုပ်သမားတွေအနေနဲ့ တရက်လျှင် ၃၆၀၀ ကျပ်နှုန်းဖြင့်သာ ရရှိနေပြီး တနင်္ဂနွေ ပိတ်ရက်များ ဒေးကြေးမရရှိသလို ခွင့်ယူပါက တစ်ခါတည်း အလုပ်ထွက်ရပြီး လုပ်ခလစာကိုတော့ လကုန်မှ ရှင်းပေးတဲ့ စနစ်နဲ့ ပေးချေနေပြီး အခြားသော အလုပ်သမားတွေလည်း အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်နေတယ်လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေထံကသိရပါတယ်။

ZARA, eldela, CECIL OUTER WEAR စတဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် ဖြစ်ကာ လက်ရှိလုပ်ငန်းခွင်ထဲမှာ အလုပ်သမာသမဂ္ဂ အဖွဲ့အစည်းရော WCC ပါ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အထည်စံချိန်များတောင်းရာတွင် အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုတဲ့ အရေအတွက်ကို သတ်မှတ်တောင်းခံပြီး စံချိန်မပြည့်ပါက သက်ဆိုင်ရာ လိုင်းခေါင်းဆောင် စူပါ အောစူပါ လီဒါတွေက ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုတာတွေ လုပ်တယ်လို့ အလုပ်သမားကပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ခွင့်ယူပါက နေ့စားသမားဆိုလျှင် တခါတည်းအလုပ်ထုတ်ခံရပြီး အမြဲတမ်းဝန်ထမ်းဖြစ်ပါက ဝမ်တိမ် လက်မှတ်ထိုးရတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေအနေနဲ့ ရသင့် ရထိုက်တဲ့ ဥပဒေပြဌာန်းချက်ပါ ခွင့်ခံစားခွင့်များ လူမှုဖူလုံရေး ကြေးများလည်း လစဉ်ထည့်သွင်းနေရပြီး ခံစားခွင့်မရတဲ့ အတွက် အခက်အခဲကြုံရတယ်လို့ အလုပ်သမားတွေ ကပြောဆိုပါတယ်။

"ဆေးခွင့်တင်လဲ မပေးဘူး လူမှုဖူလုံရေးကြေးကျတော့ လတိုင်းဖြတ်တောက်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံတွင် နေ့စားအလုပ်သမား Hp များကို ခေါ်ယူလုပ်ကိုင်လျှက်ရှိပြီး ဒေးကြေးအဖြစ် ၃၆၀၀ ကျပ်ဖြင့် ခေါ်ယူလုပ်ကိုင်ကာ နေ့စားအလုပ်သမားများအနေဖြင့် (၃) လပြည့်လျှင် အမြဲတမ်းဝန်ထမ်းမခန့်ခြင်း၊ ဒေးကြေး ၃၆၀၀ ကျပ်နှင့် ဆက်လက် တွက်ချက်ပေးခြင်း နေ့စားအလုပ်သမားများကို လစာပေးရာတွင် လရှင်းပေးပြီး လစာတွင် တနင်္ဂနွေနေ့အတွက် ထည့်သွင်းတွက်ချက်မပေးထားဘဲ  အလုပ်ဆင်းရသည့် ရက်သာ တွက်ချက်၍ အများနည်းတူ လစာထုတ်ရက်တွင် လစာရရှိတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ ရေသောက်သုံးရာမှာ သန့်ရှင်းမှုမရှိခြင်း အိမ်သာသန့်ရှင်းမှုမရှိခြင်း လူဦးရေနှင့် အိမ်သာမျှတလုံလောက်မှုမရှိခြင်း ကြောင့် အမျိုးသမီးအလုပ်သမားတွေပိုမိုအခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

မနက် ၇ နာရီ ၃၀ မိနစ်တွင် အလုပ်စတင်ဝင်ရောက် လုပ်ကိုင်ရပြီး တနင်္လာနေ့မှ သောကြာနေ့တိုင်း ည ၇ နာရီ ထိ ဆင်းရပြီး လိုအပ်ချက်ကြောင့် ဆိုကာ ည ၇ နာရီမှ ၉ နာရီထိ တစ်ဆိုင်း ည ၇ နာရီမှ ည ၁၂ နာရီထိ တစ်ဆိုင်းခွဲခေါ် ကာ နောက်ကျတဲ့ အဆိုင်းကို စက်ရုံမှာပဲ အိပ်ခိုင်းတာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

စက်ရုံမှာ ညအိပ်ရတဲ့ အလုပ်သမားတွေအနေနဲ့ နေရာထိုင်ခင်းမစီစဉ်ပေးထားခြင်း မိမိတို့ အဆင်ပြေသည့် နေရာတွင်အိပ်ရခြင်း ဖြစ်ပြီး မနက် ၅ နာရီမှာ ဖယ်ရီနဲ့ ပြန်ပို့ပေးပြီး မနက် ၇ နာရီ ၃၀ မိနစ် အလုပ်ချိန်ပြန်ဆင်းရတဲ့အတွက် ကျန်းမာရေးထိခိုက်မှုတွေလည်း ဖြစ်ပေါ်နေပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပေါ်ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

"ဖယ်ရီကားစီးရတာလဲ တိုးကြိတ်ပြီးစီးရတာ ကားကအလုံအလောက်မရှိဘူး တော်တော့ ကို စိတ်ဒုက္ခတွေ ကြုံနေရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

မေလ ၂၉ ရက်နေ့က အလုပ်သမားတွေကို ဒေးကြေး ၅၆၀၀ ကျပ်တိုးပေမယ် တိုးပေးရာတွင်  A, B, C, D, HP ဆိုပြီး အဆင့်လိုက်ခွဲသတ်မှတ်ပေးသွားမှာဖြစ်ပြီး A အဆင့်ကို ၅၆၀၀ ကျပ်၊ B အဆင့်ကို ၅၄၀၀ ကျပ်၊  C အဆင့်ကို ၅၂၀၀ ကျပ်၊ D အဆင့်ကို ၅၀၀၀ ကျပ်နှင့် HP များကို ၃၆၀၀ ကျပ်သတ်မှတ် ပေးမည်ဖြစ်ကြောင်း အလုပ်သမားတွေကို စက်ရုံဘက်က ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

"ဒီလိုသတ်မှတ်ပြီးပေးတာက  ခွဲခြားလိုက်တာပေါ့နော် ဥပမာ စက်လိုင်း တစ်လိုင်းမှာ လူ ၇၀ ရှိတယ်ဆိုရင်  A, B, C, D, HP ဆိုပြီးခွဲပေးမှာဖြစ်ပါတယ်။ စက်သမားအားလုံး ၅၆၀၀ ကျပ်ရမှာ မဟုတ်ပါဘူး ဒါကြောင့် တိုးပေးတာက ဘယ်လောက်မှ မရှိဘူး၊ ပြီးရင် စံချိန်တွေတိုးတောင်အုန်းမယ်၊ စက်ချုပ်သမားအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ‌ဒေးကြေးလို့သတ်မှတ်လျှင် ၅၆၀၀ ကျပ်တိုးပေးမယ် ဆိုလျှင်လဲ အားလုံးကို တပြေညီ ပေးရန်လိုပါတယ် အခုလို အဆင့်တွေခွဲပေးတာကို အလုပ်သမားတွေက မကျေနပ်ပါဘူး" လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲကအလုပ်သမားတွေအနေနဲ့ 
၁။ အထည်စံချိန်များကို အလုပ်သမားလုပ်နိုင်သည့် စံချိန်တောင်းခံပေးရန်။ ညှိနှိုင်ဆောင်ရွက်ပေးရန်။
၂။ နေ့စားအလုပ်သမားများကို (၃) လပြည့်ပါက အမြဲတမ်းဝန်ထမ်းခန့်ပေးရန်။ တနင်္ဂ‌နွေနေ့ပိတ်ရက်များ အတွက် လုပ်ခလစာပြန်လည်တွက်ချက်ပေးရန်
၃။ ဒေးကြေး ၅၆၀၀ ကျပ်ကို စက်ရုံအတွင်း အလုပ်သမားများကို တန်းတူခံစားခွင့်ပေးရန်။
၄။ သောက်ရေကို ရေသန့်ဝယ်တိုက်ရန်။
၅။ အိမ်သာများကို လုံလောက်စွာထားပေးရန်။
၆။ အော်စူပါ၊ စူပါ၊ လီတာများမှ ရိုင်းဆိုင်းစွာဆဲဆိုခြင်းများကို တားမြစ်ပေးရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်။
၇။ အချိန်ပိုဆင်းရပါက အလုပ်သမားသဘောဆန္ဒကောက်ယူပြီးမှ ဆင်းလိုသည့် အလုပ်သမားများကို ခေါ်ယူရန်။ ဖယ်ရီကားများကို သူ့လမ်းကြောင်းအလိုက်စီစဥ်ပေးရန်။ 
၈။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများမရှိရေးနှင့် ရှိလာပါက မည်သူကိုမဆို ပြင်းပြင်းထန်ထန် အရေးယူပေးရန် စတာတွေ တောင်းဆိုလိုတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026