NEWS

နေအိမ်မှာပုန်းအောင်းနေသည့် မြန်မာလုပ်သားများအပါအဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာ ၈၀ ကျော် အဖမ်းခံရ

CoverLogo
397 Views
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရှိ နေအိမ်တစ်အိမ်မှာ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေ အပါအဝင် နိုင်ငံအတွင်း တရားမဝင် လမ်းကြောင်းကတစ်ဆင့် ဝင်ရောက်လာလို့ မြန်မာလုပ်သား ၈၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ ၁၇ ရက်က တာ့ခ်ခရိုင် ဝမ်ချောင်မြို့နယ် မှာရှိတဲ့ နေအိမ် တစ်လုံးထဲမှာ အထောက်အထားစာရွက်စာတမ်းမရှိဘဲ ခိုအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန မှ သတင်းထုတ်ပြန်ထားပါတယ်။
 
၎င်းတို့ကို ခွင့်ပြုချက်မရှိ ဘဲ နိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက် နေထိုင်မှုနဲ့ အရေးယူရန် ဝမ်ချောင်ရဲစခန်း သို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးအရေးယူမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
 
စက်တင်ဘာ ၁၈ ရက် ကလည်း ကန်ချနပူရီနဲ့စူဖန်ဘူရီ အဝေးပြေးလမ်းပေါ်မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှာ အထောက်အထားစာရွက်စာတမ်းမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦးနဲ့ ယာဉ်မောင်းထိုင်းနိုင်ငံသားတစ်ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်ဖို့ ပွဲစားကို ခရီးစရိတ်အတွက် တစ်ဦး ကို ဘတ်၂၀၀၀၀ ခန့် ပေးခဲ့ရတယ်လို့ စစ်ဆေးထွက်ဆိုကြပြီး ၎င်းမြန်မာရွှေ့ပြောင်းလုပ်သား တို့ကို လ၀က ဥပဒေအရ အရေးယူဖို့ ဆိုင်းယို့ခ်ရဲစခန်းကို ပို့ဆောင်ထားကြောင်းသိရပါတယ်။
 
ဒါ့အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်ပန်-လမ်ဖွန် အမြန်လမ်းပေါ်မှာ ဘန်ကောက်-ဘန်ထာတွန် ခရီးစဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကား တစ်စီး ကို အမြန်လမ်းရဲတပ်ဖွဲ့က သံသယ ရှိတဲ့ အတွက် ရပ်တန့်စစ်ဆေးခဲ့တာမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဘန်ကောက်တွင် အလုပ်လုပ်ကိုင်ဖို့ ပွဲစားကိုဘတ် ၁၅၀၀၀ ပေးခဲ့ရကာ ချင်းမိုင် ကနေ ဘတ်စ်ကားနဲ့ လာခဲ့တာလို့ သိရပါတယ်။
 
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဘတ်စ်ကား လက်မှတ်ကို အခြားသူနာမည်တွေ နဲ့ဝယ်ယူခဲ့တာ ဖြစ်ပြီး ဘတ်စ်ကားမောင်းသူ၊ ယာဉ်ဝန်ထမ်းနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးကို မယ်ထာရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ ပြီး ဥပဒေအရ စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
 
ယခုစက်တင်ဘာ လအတွင်း ထိုင်းနိုင်ငံ အတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၇၀၀ ကျော် ရှိကာ ပြီးခဲ့တဲ့ ဩဂုတ်လ ကလည်း အထောက်အထားစာရွက်စာတမ်းမရှိလို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင် လုပ်သား ၉၀၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွေ အရသိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026