NEWS

နေအိမ်မှာပုန်းအောင်းနေသည့် မြန်မာလုပ်သားများအပါအဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာ ၈၀ ကျော် အဖမ်းခံရ

CoverLogo
189 Views
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရှိ နေအိမ်တစ်အိမ်မှာ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေ အပါအဝင် နိုင်ငံအတွင်း တရားမဝင် လမ်းကြောင်းကတစ်ဆင့် ဝင်ရောက်လာလို့ မြန်မာလုပ်သား ၈၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ ၁၇ ရက်က တာ့ခ်ခရိုင် ဝမ်ချောင်မြို့နယ် မှာရှိတဲ့ နေအိမ် တစ်လုံးထဲမှာ အထောက်အထားစာရွက်စာတမ်းမရှိဘဲ ခိုအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန မှ သတင်းထုတ်ပြန်ထားပါတယ်။
 
၎င်းတို့ကို ခွင့်ပြုချက်မရှိ ဘဲ နိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက် နေထိုင်မှုနဲ့ အရေးယူရန် ဝမ်ချောင်ရဲစခန်း သို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးအရေးယူမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
 
စက်တင်ဘာ ၁၈ ရက် ကလည်း ကန်ချနပူရီနဲ့စူဖန်ဘူရီ အဝေးပြေးလမ်းပေါ်မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှာ အထောက်အထားစာရွက်စာတမ်းမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦးနဲ့ ယာဉ်မောင်းထိုင်းနိုင်ငံသားတစ်ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်ဖို့ ပွဲစားကို ခရီးစရိတ်အတွက် တစ်ဦး ကို ဘတ်၂၀၀၀၀ ခန့် ပေးခဲ့ရတယ်လို့ စစ်ဆေးထွက်ဆိုကြပြီး ၎င်းမြန်မာရွှေ့ပြောင်းလုပ်သား တို့ကို လ၀က ဥပဒေအရ အရေးယူဖို့ ဆိုင်းယို့ခ်ရဲစခန်းကို ပို့ဆောင်ထားကြောင်းသိရပါတယ်။
 
ဒါ့အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်ပန်-လမ်ဖွန် အမြန်လမ်းပေါ်မှာ ဘန်ကောက်-ဘန်ထာတွန် ခရီးစဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကား တစ်စီး ကို အမြန်လမ်းရဲတပ်ဖွဲ့က သံသယ ရှိတဲ့ အတွက် ရပ်တန့်စစ်ဆေးခဲ့တာမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဘန်ကောက်တွင် အလုပ်လုပ်ကိုင်ဖို့ ပွဲစားကိုဘတ် ၁၅၀၀၀ ပေးခဲ့ရကာ ချင်းမိုင် ကနေ ဘတ်စ်ကားနဲ့ လာခဲ့တာလို့ သိရပါတယ်။
 
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဘတ်စ်ကား လက်မှတ်ကို အခြားသူနာမည်တွေ နဲ့ဝယ်ယူခဲ့တာ ဖြစ်ပြီး ဘတ်စ်ကားမောင်းသူ၊ ယာဉ်ဝန်ထမ်းနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးကို မယ်ထာရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ ပြီး ဥပဒေအရ စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
 
ယခုစက်တင်ဘာ လအတွင်း ထိုင်းနိုင်ငံ အတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၇၀၀ ကျော် ရှိကာ ပြီးခဲ့တဲ့ ဩဂုတ်လ ကလည်း အထောက်အထားစာရွက်စာတမ်းမရှိလို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင် လုပ်သား ၉၀၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွေ အရသိရပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025