NEWS

နေရပ်ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို  NUG၊ CRPH နှင့် တိုင်းရင်းသားအဖွဲ့စည်းများထံသာ လွှဲပြောင်းပေးဖို့ CRPH တောင်းဆို

CoverLogo
258 Views

ထိုင်းအစိုးရ အနေဖြင့် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများ၊  တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား တွေ ကို ဖမ်းဆီး ပြစ်ဒဏ်ပေးပြီးပါက အကြမ်းဖက် စစ်ကောင်စီထံ ပြန်ပို့တာ မပြုလုပ်ဖို့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေထံ သို့သာ လွှဲပြောင်းပေးဖို့ CRPH ကော်မတီ ကတောင်းဆိုလိုက်ပါတယ်။ 

 

ထိုင်းနိုင်ငံအောက်လွှတ်တော် မှာမတ်လ ၂၂ရက်နဲ့၂၃ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ်တလျှောက် လုံခြုံရေးမြှင့်တင်ရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏဆွေးနွေးပွဲ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ 

 

၎င်းဆွေးနွေးပွဲ မှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေ အတွက် အချက်နှစ်ချက်ကို ထည့်သွင်းအရေးပေး တောင်းဆိုခဲ့တယ်လို့  သိရပါတယ် ။ 

 

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် ပြန်လည်သက်တမ်းတိုးရာမှာ အကြမ်းဖက်စစ်ကောင်စီထံ အခွန်မပေးဆောင်ရေး နဲ့တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူ တွေ ကို  အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည်ပို့ဆောင်နေမှု ဟာ  ၎င်းတို့ရဲ့ လူ့အခွင့်အရေးကိုသာမက အသက်အန္တရာယ် ကိုပါ စိုးရိမ်ရတဲ့အတွက် ယင်းကဲ့သို့လုပ်ဆောင်နေမှုကို ချက်ချင်းရပ်တန့်ပေးနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

 

အကယ်၍မဖြစ်မနေပြန်ပို့ရန် လိုအပ်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ နဲ့ တိုင်းရင်သားအဖွဲ့အစည်း များထံသို့သာ လွှဲပြောင်းပေးခြင်းဖြင့် မြန်မာပြည်သူများအား အသက်အန္တရာယ်ထိခိုက်မှုမှ ကာ ကွယ်ပေးရန်” တို့ကို ထည့်သွင်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

 

ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံ မှ တိုင်းရင်းသားအဖွဲ့စည်းများ၊ လူ့အခွင့်ရေးအဖွဲ့စည်းများ၊ အရပ်ဖက်အဖွဲ့စည်းများ မှကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံ များ မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ နိင်ငံတကာအဖွဲ့စည်းများ မှပုဂ္ဂိုလ် တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026