NEWS

နေရပ်ပြန် ကမ္ဘောဒီးယားရေလုပ်သားများနေရာတွင် မြန်မာလုပ်သားများအစားထိုးခေါ်ယူဖို့ ထိုင်းငါးလုပ်ငန်းအသင်းတောင်းဆို

CoverLogo
274 Views
 
နယ်စပ်တိုက်ပွဲ တွေကြောင့် နေရပ်ပြန်သွားတဲ့ ကမ္ဘောဒီးယား ရေလုပ်သားတွေ နေရာ ကို မြန်မာလုပ်သားတွေ အစားထိုးခေါ်ယူခွင့် ရဖို့ ထိုင်းငါးလုပ်ငန်းအသင်းက အစိုးရ ကို တောင်းဆိုလိုက်တယ်လို့ The Nation သတင်းမှာ ဖေါ်ပြထားပါတယ်။
 
ထိုင်းနဲ့ကမ္ဘောဒီယား နယ်စပ် ပဋိပက္ခ တွေကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယားလုပ်သား ၅၀၀၀ နီးပါး နေရပ်ပြန်သွားတာကြောင့် အလုပ်သမားရှားပါးမှုပြသာနာ အကြီးကျယ်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ ကမ္ဘောဒီးယားနိုင်ငံသား ၁၅၀၀၀ ခန့် တရားဝင်အလုပ်လုပ်ကိုင်နေကြပြီး အဲ့ဒီထဲမှာ MOU အလုပ်သမားနဲ့ (ပုဒ်မ ၈၃)၂၀၁၅ ငါးဖမ်းဥပဒေအရ ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်ရန် ခွင့် ပြုချက် ရထားသူ ဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ နယ်စပ်တိုက်ပွဲတွေကြောင့် ပုဒ်မ ၈၃ အရ ခန့်ထားတဲ့ ကမ္ဘောဒီးယား အလုပ်သမား ၅၀၀၀ခန့် ဟာ နေရပ်ကိုပြန်သွားကြပြီး MOU အလုပ်သမား တွေသာ စာချုပ်အရ ဆက်လက်ကျန်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ ထိုင်းငါးလုပ်ငန်းအသင်းက အလုပ်သမားကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၁၄ အရ မြန်မာအလုပ်သမားများ ကို အမြန် ခေါ်ယူခန့်အပ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုသွားမှာဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာရေလုပ်သားတွေဟာ သင်တန်းပေးရန် လိုအပ်တဲ့ ဘင်္ဂလားဒေ့ရှ် လုပ်သားတွေ နဲ့ မတူဘဲ ငါးဖမ်းလုပ်ငန်းမှာ ကျွမ်းကျင်ပြီးသားဖြစ်လို့ လေ့ကျင့်ပေးစရာမလိုဘဲ၊ လိုအပ်တဲ့အရေအတွက်ကိုလည်း ချက်ချင်းဖြည့်ဆည်းပေးနိုင်တယ်လို့ ထိုင်းငါးလုပ်ငန်းအသင်းဥက္ကဌကပြောကြားပါတယ်။
Ref-The Nation

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026