NEWS

နေပြည်တော် ငလျင်ဘေးသင့် အာမခံလုပ်သား တစ်သောင်းကျော်အား အကျိုးခံစားခွင့် ထုတ်ပေး

CoverLogo
280 Views
 
နေပြည်တော်က ငလျင်ဘေးသင့် အာမခံအလုပ်သမား ၁၁၀၀၀ ကျော်ကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထုတ်ပေးခဲ့တယ်လို့ ထုတ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
 
အာမခံလုပ်သားတွေ အတွက် ကျပ် သန်း၁၀၀၀ကျော်ခွင့်ပြု ထုတ်ခဲ့တာဖြစ်ပြီး ၊ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင် ဘေးသင့်ခဲ့တဲ့ အာမခံ လုပ်သားတွေကို အကျိုးခံစားခွင့် ပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
နေပြည်တော် အတွင်း အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာန ၁၀၉၇ ဌာန၊ အာမခံအလုပ်သမား ၂၇၂၆၇ ဦးထဲက လုပ်သား ၁၁၂၀၃ဦး အတွက် အကျိုးခံစားခွင့် ငွေကျပ်သန်းပေါင်း ၁၀၀၁ ဒသမ ၅၆၃ သန်းကိုဇူလိုင်၄ရက်က ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
 
ကျန်ရှိတဲ့ အာမခံ လုပ်သားတွေကို စာရင်းစိစစ်ပြီးဆက်လက်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ အကျိုးခံစားခွင် ငွေတွေကို ဗဟိုဘဏ်ရဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက တစ်ဆင့် ပုဂ္ဂလိကဘဏ်တွေ ကို လွှဲပြောင်းပေးအပ်ပြီး Digital Payment စနစ်တွေဖြစ်တဲ့ KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay ၊ Mytel Pay စတာတွေက‌နေ ထုတ်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ထံ မှသိရပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026