NEWS

နို့တစ်ကြေးမပေးဘဲပိတ်မယ့် YFAစက်ရုံကိစ္စ မြို့နယ်ညှိနှိုင်းမှုအဆင့် မပြေလည်တာကြောင့်ခုံသမာဓိသို့ဆက်တက်မည်

CoverLogo
1.1K Views

ရွှေပြည်သာမြို့နယ်က နို့တစ်ကြေးမပေးဘဲပိတ်သိမ်းမယ့် YFAအထည်ချုပ်စက်ရုံနဲ့ပတ်သက်လို့ ဒီဇင်ဘာ၁၂မှာ မြို့နယ်အဆင့် အပြီးသတ်ဆွေးနွေးမှုမှာလည်း အလုပ်သမားတွေကို ​​လျော်ကြေးမပေး အလုပ်မခန့်တာကြောင့် ခုံသမာဓိသို့ဆက်တက်မယ်လို့  အဲဒီအလုပ်သမားအရေးကူညီနေသူတွေဆီကသိရပါတယ်။

" ဒီနေ့ကသုံးချိန်းမြောက်ပါ။ လုပ်ငန်းရှင်က လျော်ကြေးလည်းမပေးနိုင်ဘူး။ နို့တစ်လည်းမပေးနိုင်ဘူး။ အလုပ်လည်းမပေးနိုင်ဘူးလို့ပြောတယ်။ ဒါပေမဲ့သူတို့က ကရုဏာကြေးဆိုပြီး ပထမဆုံးအဆင့်တုန်းကတော့ သိန်း၃၀ပေးမယ်ပြောတယ်။ အကုန်လုံးအတွက်ပေါ့လူ ၁၅၀ ၊ ၂၀၀ခန့်စာကို။ဒုတိယအချိန်းကျတော့ သိန်း၄၀ပေးမယ်ပြောတယ်။  အလုပ်သမားတွေက မဟုတ်ဘူး နို့တစ်ကြေးဆိုနို့တစ်ကြေးလိုချင်တာ  ကရုဏာကြေးလိုချင်တာမဟုတ်ဘူး ပြောတော့မပေးနိုင်ဘူးပြောတယ်ဗျ။ နောက်တစ်ခုက အလုပ်ပြန်ခန့်ရင်လည်း သူတို့ကြိုက်တဲ့သူကိုရွေးခန့်မယ်ပြောတယ်။ အလုပ်သမားတွေကလည်း လျော်ကြေးပေးမယ်ဆိုလည်းပေး အလုပ်ပြန်ခန့်ရင်လည်းခန့် အယောက်၁၅၀လောက်ကို တစ်နေ့လူနှစ်ဆယ်နှုန်းနဲ့ လူရွေးစီစစ်ပြီးခန့်မယ်ပြောတယ်။ အလုပ်သမားတွေကလည်းပြန်ခန့်ရင်အကုန် လုံးကိုခန့်ရမှာ အဲလိုရွေး
ခန့်တာတော့မလိုချင်ဘူးဆိုပြီး ခုံသမာဓိကိုလွှဲလိုက်ပါတယ်" လို့ ကူညီဆောင်ရွက်ပေးသူတစ်ဦးက ဆိုပါတယ်။

အဆိုပါစက်ရုံကစက်ရုံပိတ်သိမ်းမှုအတွက် နို့တစ်ကြေးပေးဖို့သို့မဟုတ် အလုပ်​​​​ ပြန်လည်ခန့်အပ်​ပေးဖို့အလုပ်သမားတွေရဲ့တောင်းဆိုမူနဲ့ပတ်သက်လို့ ၂ကြိမ်ညှိ နှိုင်းမှုလုပ်ခဲ့ပြီး ယနေ့ဒီဇင်ဘာ၁၂ရက်နေ့မှာ 
နောက်ဆုံးတကြိမ်ဆက်ညှိခဲ့တာဖြစ်ပေမဲ့ အလုပ်ရှင်ကအလုပ်သမားတွေကို လျော်ကြေးပေးတာမရှိသလို လုပ်ငန်းခွင်လည်းပြန်မခန့်အပ်နိုင်ဘူးလို့သာ ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးမှာ အခုလို ညှိနှိုင်းမှုအဆင်မပြေတာကြောင့်  ခုံသမာဓိအဖွဲ့ဆီဆက်တက်မှာဖြစ်ပြီး အဲ့ဒီစက်ရုံက အလုပ်သမားတွေရဲ့လုပ်ခလစာပေးရာမှာ  နိုဝင်ဘာလတစ်လစာရဲ့လစာကို နိုဝင်ဘာ ၂၉ရက်နေ့အထိ လုပ်ပေးခဲ့ပေမဲ့ အငြင်းပွားမှုစတင်ဖြေရှင်းနေခဲ့ရတဲ့ နိုဝင်ဘာကို၃၀ရက်အတွက် အဲ့ဒီတစ်ရက်စာပျက်ကွက်ဟုဆိုကာ ကျွမ်းကျင်းကြေးတွေ Grade ကြေးတွေနဲ့ရက်မှန်ကြေးတွေကိုပါ ဖြတ်ခဲ့တာကြောင့် အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှာ စာတင်ခဲ့တယ်လို့လည်း သိရပါတယ်။

YFAစက်ရုံဟာ အလုပ်သမား ၁၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး အထည်အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားဥပဒေအရ စက်ရုံပိတ်ရန်ကြိုတင်အသိမပေးဘဲ အလုပ်သမားတွေကို နိူ့တစ်ကြေးမပေးဘဲ အလုပ်ထုတ်လိုက်တာကြောင်​့ အလုပ်သမားတွေကပြန်လည်တောင်းဆိုခဲ့ရာ  စက်ရုံဘက်က နိူ့တစ်ကြေးပေးဖို့ငြင်းဆန်နေပြီး အငြင်းပွားမူဖြစ်ပွားနေတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026