NEWS

နို့တစ်ကြေးမပေးဘဲ အလုပ်ထုတ်လိုက်တဲ့ YFA စက်ရုံအငြင်းပွားမှု စတင်စစ်ဆေး

CoverLogo
952 Views

ရွှေပြည်သာမြို့နယ်က နို့တစ်ကြေးမပေးဘဲအလုပ်သမားအားလုံးကို အလုပ်က ရပ်စဲလိုက်တဲ့ YFA စက်ရုံရဲ့အငြင်းပွားမှုကို  ခုံသမာဓိအဖွဲ့က ဒီဇင်ဘာ၂၁ရက်ဒီကနေ့မှာ စတင်လက်ခံစစ်ဆေးနေပြီလို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ သိရပါတယ်။

" ဒီနေ့စတင်လက်ခံစစ်တယ်။ ထူးခြားမှုကတော့  သူတို့ကအမိန့်ချမှသိရမယ်။ လိုအပ်ရင်စက်ရုံတွေလိုက်စစ်ဆေးတာတွေလုပ်ချင်လုပ်မယ်။ ရုံးချိန်းတော့ထပ်မခေါ်ဘူးတစ်ချိန်းပဲ " လို့ STUMမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါစက်ရုံကစက်ရုံပိတ်သိမ်းမှုအတွက် နို့တစ်ကြေးပေးဖို့သို့မဟုတ် အလုပ်​​​​​ပြန် လည်ခန့်အပ်​ပေးဖို့အလုပ်သမားတွေရဲ့တောင်းဆိုမူနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်မှာ ၃ကြိမ်ညှိနှိုင်းမှုလုပ်ခဲ့ရာ နောက်ဆုံးအကြိမ်ညှိနှိုင်းခဲ့တဲ့ ဒီဇင်ဘာ၁၂ရက်နေ့မှာ လည်း  အလုပ်ရှင်ကအလုပ်သမားတွေကို လျော်ကြေးပေးတာမရှိသလို လုပ်ငန်းခွင်လည်းပြန်မခန့်အပ်နိုင်ဘူးလို့သာ ငြင်းဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

YFAစက်ရုံက နိုဝင်ဘာလကုန်က အလုပ်သမား ၁၅၀ နီးပါးကို နို့တစ်ကြေးမပေးဘဲ  အလုပ်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး အငြင်းပွားမှုမှာ အလုပ်သမားတွေအနေနဲ့ လက်ရှိခုံသမာဓိရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက 
ခုံသမာဓိကောင်စီသို့ဆက်လက်တက်ရောက်နိုင်သလို ဥပဒေအရ အလုပ်သမားတွေအနေနဲ့သပိတ်မှောက်တောင်းဆိုခွင့်လည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ အလုပ်သမားတွေရဲ့ နိုဝင်ဘာ လစာထဲ​ပေးဖို့ဖြတ်တောက်ထားတဲ့  ကျွမ်းကျင်းကြေးတွေ Grade ကြေးတွေနဲ့ရက်မှန်ကြေးတွေကိုပါ ဖြတ်ခဲ့တာကြောင့် အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှာ တိုင်ကြားခဲ့ရာ အလုပ်သမားတစ်ဦးချင်းစီရဲ့ ကျွမ်းကျင်ကြေး တွေကို ဒီဇင်ဘာလ ၂၃၊ ၂၆ နဲ့ ၂၇ ရက်တို့မှာ ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးကတစ်ဆင့် ထုတ်ပေးမယ်လို့ သိရပါတယ်။

YFAစက်ရုံဟာ အလုပ်သမား ၁၅၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ပြီး အထည်အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားဥပဒေအရ စက်ရုံပိတ်ရန်ကြိုတင်အသိမပေးဘဲ အလုပ်သမားတွေကို နို့တစ်ကြေးမပေးဘဲ အလုပ်ထုတ်လိုက်တာကြောင့်အလုပ်သမားတွေကပြန်လည်တောင်းဆိုခဲ့ရာ  စက်ရုံဘက်က နို့တစ်ကြေးပေးဖို့ငြင်းဆန်နေပြီး အငြင်းပွားမှုဖြစ်ပွားနေတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026