NEWS

နို့တစ်ကြေးမပေးဘဲ အလုပ်ထုတ်ခံရတဲ့ YFA စက်ရုံအလုပ်သမားတွေကို ကရုဏာကြေး ၃ သောင်းကျပ်စီသာပေးရန်ခုံသမာဓိကောင်စီဆုံးဖြတ်

CoverLogo
879 Views

နို့တစ်ကြေးမပေးဘဲအလုပ်သမားအားလုံးကို အလုပ်က ရပ်စဲလိုက်တဲ့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က YFA စက်ရုံရဲ့အငြင်းပွားမှုမှာ အလုပ်ထုတ်ခံလိုက်ရတဲ့အလုပ်သမားအားလုံးဟာ ကရုဏာကြေးအ​ဖြစ်ကျပ်သုံးသောင်းစီသာရရှိခဲ့တယ်လို့ သိရပါတယ်။

" သာဓုကန်က YFAစက်ရုံ အလုပ်သမား၁၃၅ယောက်သပိတ်မှောက်တဲ့ဟာ။ ဥပဒေမဲ့အလုပ်ထုတ်တဲ့ဟာ အလုပ်သမားတွေကိုကရုဏာကြေးတစ်ယောက်သုံးသောင်းစီယူဆိုပြီး ခုံကောင်စီကအမိန့်ချတာ။ အလုပ်သမားတွေက ကရုဏာကြေးတောင်းတာမဟုတ်ဘူး။ ရသင့်ရထိုက်တဲ့နစ်နာကြေးကိုတောင်းတာမို့ ဒါပေမဲ့ ခုံကောင်စီကအမိန့်ကိုလိုက်နာသည်ဖြစ်စေ မလိုက်နာသည်ဖြစ်စေ ကျေနပ်သည်မကျေနပ်သည်ဖြစ်စေ အလုပ်သမားတွေက လိုက်နာရတာပဲ။" လို့ အဲ့ဒီအလုပ်သမားတွေကူညီဆောင်ရွက်ပေးခဲ့သူက ဆိုပါတယ်။

အဆိုပါစက်ရုံကစက်ရုံပိတ်သိမ်းမှုအတွက် နို့တစ်ကြေးပေးဖို့ သို့မဟုတ် အလုပ်​​​​​ပြန် လည်ခန့်အပ်​ပေးဖို့အလုပ်သမားတွေရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်မှာ ၃ကြိမ်ညှိနိူင်းမှုလုပ်ခဲ့ရာ နောက်ဆုံးအကြိမ်ညှိနှိုင်းခဲ့တဲ့ ဒီဇင်ဘာ၁၂ရက်နေ့မှာ လည်း အလုပ်ရှင်ကအလုပ်သမားတွေကို လျော်ကြေးပေးတာမရှိသလို လုပ်ငန်းခွင်လည်းပြန်မခန့်အပ်နိုင်ဘူးလို့သာ ငြင်းဆိုခဲ့တာဖြစ်ပြီး ခုံကောင်စီကတော့ အလုပ်သမားတွေကိုကရုဏာကြေးသုံးသောင်းစီပေးဖို့ သတ်မှတ်လိုက်တာကြောင့် အလုပ်သမားတွေက အမိန့်ချမှတ်မှုကိုနာခံလိုက်ရတယ်လို့ဆိုပါတယ်။

" အလုပ်သမားတွေက ကြေအေးလိုက်ရတာမဟုတ်ဘူး ။ ခုံကောင်စီရဲ့အမိန့်ကိုလိုက်နာလိုက်ရတာပါ။ မလိုက်နာရင်အရေးယူခံရမှာမို့။ ဘယ်နည်းနဲ့ဆက်လုပ်ရနိုင်မလဲပေါ့ အခြားနည်နဲ့လည်းလုပ်ဖို့ရှိပါတယ်" လို့ ၎င်းကဆိုပါတယ်။

YFAစက်ရုံက ၂၀၂၂ နိုဝင်ဘာလကုန်က အလုပ်သမား ၁၅၀ နီးပါးကို နို့တစ်ကြေးမပေးဘဲ အလုပ်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ကာ ခုံသမာဓိရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိလို့

ခုံသမာဓိကောင်စီသို့ဆက်လက်တိုင်ကြားပြီးအမိန့်ကိုလက်ခံလိုက်ရတာပါ။

YFAစက်ရုံဟာ အလုပ်သမား ၁၅၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ပြီး အထည်အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားဥပဒေအရ စက်ရုံပိတ်ရန်ကြိုတင်အသိမပေးဘဲ အလုပ်သမားတွေကို နို့တစ်ကြေးမပေးဘဲ အလုပ်ထုတ်လိုက်တာဖြစ်သလိုအလုပ်သမားတွေရဲ့ ကျွမ်းကျင်းကြေးတွေ Grade ကြေးတွေနဲ့ရက်မှန်ကြေးတွေကိုပါ ဖြတ်ခဲ့တာကြောင့် အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှာ တိုင်ကြားတောင်းယူခဲ့ရတယ်လို့လည်း

သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026