NEWS

နိုင်ငံတကာအမှတ်တံဆိပ်အထည်တွေကို နေ့စားသမားတွေအဖြစ်နဲ့ ချုပ်လုပ်ပေးနေရပြီး အလုပ်အကိုင်အာမခံချက်ပျောက်ဆုံးနေ

CoverLogo
1K Views

bpc၊ RESERVED စတဲ့နိုင်ငံတကာအမှတ်တံဆိပ် အင်္ကျီ ဘောင်းဘီ အထည်တွေချုပ်လုပ်နေရတဲ့အလုပ်သမား ၄၀၀ ကျော်မှာ ၂၀၀ ကျော်မှာ နေ့စားသမားတွေဖြစ်ပြီး အလုပ်လုပ်ကိုင်ရတာချင်းတူညီပေမဲ့ ခွင့်ခံစားခွင့် ပိတ်ရက်ခံစားခွင့်တွေမရဘဲ လုပ်ကိုင်နေရတာလို့ Su Zhong Garment  အထည်ချုပ်အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းကျော်စွာလမ်း မှာ ဖွင့်လှစ်လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေကို လုပ်သက် ၃ လပြည့်ပေမယ့် အတည်ပြုခန့်ထားခြင်းမရှိတာ အထည်စံချိန်တွေကို ချုပ်လုပ်နိုင်တာထက် အဆမတန် တိုးတောင်းတာ ခွင့်ခံစားခွင့်မပေးတာနဲ့ လုပ်ငန်းခွင်အတွင်း အော်ဟစ်ဆဲဆို ခိုင်းစေနေတာတွေ ကျူးလွန်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေကိုလဲ ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"စက်ရုံမှာအလုပ်သမား ၄၀၀ ကျော်ရှိတယ် ထက်ဝက်ဖြစ်တဲ့ လူဦးရေ ၂၀၀ က နေ့စားတွေပါ နေ့စားတွေကို ၃ လကျော်သွားလည်း အတည်ပြုမခန့်ဘူး အလုပ်သမားတစ်ဦးခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေလည်းခံစားခွင့်မရှိတော့ အရမ်းနစ်နာမှုရှိပါတယ် နေ့စား ဆို လုပ်သက်ဘယ်လောက်ရှိရှိ အတည်ပြုမခန့်ဘဲ အလုပ်ထုတ်လိုက် ပြန်ခန့်လိုက် လုပ်နေတာ နေ့စားသမားတစ်ယောက်က နေထိုင်မကောင်းလို့ အလုပ် တစ်ရက်ပျက်ရင် အလုပ်ထုတ်ခံရသေးတယ် ဥပဒေမဲ့ထုတ်ခံရတာပါ ဘာခံစားခွင့်မှ မရပါဘူး"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအားလုံးအနေနဲ့လည်း ရှောင်တခင်ခွင့် ဆေးခွင့်စတဲ့ ဥပဒေပါခံစားခွင့်တွေမရရှိဘဲ  ကျန်းမာရေးကြောင့် ခွင့်တစ်ရက်ပျက်ပါက လစာဖြတ်တောက်ပြီး တရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ဖြတ်တောက်ခံရတာဖြစ်လို့ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထည်စံချိန်တောင်းခံနေပြီး စက်လိုင်းတစ်လိုင်းလျှင် အလုပ်သမား ဦးရေ ၅၀ ရှိပြီး တစ်နာရီလျှင် လိုင်းပေါက်အထည်စံချိန် ၆၀ အထိ တောင်းခံပြီး အလုပ်ရှင်ဘက်က တဖက်သက် သတ်မှတ်တောင်းခံနေတာဖြစ်တယ်လို့လည်း အလုပ်သမားကပြောပါတယ်။

"သူတို့တောင်းခံတဲ့ အထည်စံချိန်က ရေမသောက် အိမ်သာမသွားရဘဲ အသဲအသန်ချုပ်တာတောင် မပြည့်ချင်ဘူး စံချိန်တောင်းရင်လည်း စူပါ အောစူပါတွေကိုယ်တိုင်တောင်းတာတင်မဟုတ်ဘဲ hrမန်နေဂျာနဲ့ တရုတ်စကားပြန်က စက်လိုင်းထဲဝင်တောင်းတာ " ‌ေ-ာက်လုံးတွေမမြင်ဘူးလား ‌ေ-ာက်စိကန်းနေလား" ဆိုတာမျိုးြ နေ့တိုင်းလို ဆဲတယ် ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတယ် ကြိမ်းမောင်းတယ် အလုပ်သမားက မခံနိုင်တဲ့အဆုံး ပြန်ခံပြောပြီဟေ့ဆိုရင်တော့ အလုပ်ကချက်ချင်းအထုတ်ခံရပါတယ် ဒါကြောင့် အလုပ်သမားတွေက ပြန်တောင်မပြောရဲတော့ဘဲ ငြိမ်ခံပြီးလုပ်နေရပါတယ် နိုင်ငံတကာအမှတ်တံဆိပ်တွေကို အဲ့လိုနည်းနဲ့ချုပ်နေရတာ အားလုံးကိုသိစေချင်ပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲတွင် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားခြင်းလည်းမရှိဘဲ လုပ်ငန်းခွင်ထဲက အလုပ်သမား ကိစ္စမှန်သမျှ ညိနှိုင်းဖြေရှင်းပေးတာမရှိသလို  အလုပ်သမားအိမ်သာများပင် သန့်ရှင်းမှုမရှိဘဲ အသုံးပြုနေရတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်အတွင်း လုပ်သက် ၃ လကျော်ကြာ နေ့စားအလုပ်သမားတွေကို လခစားအဖြစ် ခန့်အပ်ပေးရန် hrမန်နေဂျာနှင့် စကားပြန်မှ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခိုင်းစေခြင်းမပြုရန် အလုပ်သမားတွေကို ဥပဒေပါ ဆေးခွင့် ရှောင်တခင်ခွင့်များပေးရန် အလုပ်သမားတွေ လုပ်နိုင်စွမ်းထက်ပိုပြီး အထည်စံချိန်များမတောင်းခံရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026