NEWS

နိုင်ငံတကာ အမှတ်တံဆိပ်ချုပ်တဲ့ အထည်ချုပ် စက်ရုံအချို့ အနိမ့်ဆုံးလုပ်ခလစာတစ်နေ့လုပ်ခကျပ်ငါးထောင်အထက်တိုးမြှင့်ပေးနေကြပေမဲ့ တိုးမြှင့်ခြင်းမရှိတဲ့စက်ရုံများစွာရှိနေသေး

CoverLogo
732 Views

ရန်ကုန်မြို့ကစက်ရုံအလုပ်ကအလုပ်သမားတွေရဲ့  အနိမ့်ဆုံးလုပ်ခလစာတစ်နေ့လုပ်ခကျပ်ငါးထောင်အထက် သို့တိုးမြင့်ပေးတဲ့စက်ရုံတွေရှိနေပေမဲ့  တိုးမြှင့်ခြင်းမရှိတဲ့ စက်ရုံများစွာရှိနေသေးတယ်လို့ သိရပါတယ်။

နိုင်ငံတကာ အမှတ်တံဆိပ်ချုပ်တဲ့ အထည်ချုပ် စက်ရုံအချို့မှာ  အနိမ့်ဆုံးလုပ်ခလစာတစ်နေ့လုပ်ခကျပ်ငါးထောင်အထက်တိုးမြှင့်ပေးနေကြတာဖြစ်ပါတယ်။

“စက်ရုံတွေအကုန်မတိုးသေးပါဘူး။  အနည်းအကျဉ်းတိုးတာတွေပဲရှိပါတယ်။  ဘရန်း စက်ရုံတွေပဲတိုးတယ်ဆို တာလည်း ကြားပါတယ်။ မတိုးသေးတဲ့စက်ရုံတွေအများစုကျန်နေပါသေးတယ်။  အလုပ်သမားတွေကတော့ ကုန်စျေးနှုန်းမြင့်တက်မှုအပေါ်ရရှိတဲ့လစာနဲ့က မလုံလောက်ဘူးဖြစ်နေတာ”လို့  အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက  ဆိုပါတယ်။  

အခုလိုမျိုးတိုးမြင့်လာတဲ့နှုန်းထားတွေကတော့   စက်ရုံတွေကတစ်ရုံနှင့်တစ်ရုံတူညီမှုမရှိကြဘဲ အချို့သောစက်ရုံက  တစ်နေ့လုပ်ခဒေးကြေးကျပ်၅၆၀၀  အချိန်ပိုတစ်နာရီလုပ်ခ ၁၄၀၀၊ အချို့က ဒေးကြေး ၅၈၀၀ အချိန်ပိုတစ်နာရရီ ၁၄၀၀အထိ တိုးမြှင့်ပေးလာတာရှိသလို  အချို့သောစက်ရုံများကတော့  ဒေးကြေး ၅၂၀၀ အချိန်ပိုတစ်နာရီ ၁၃၀၀ဖြစ်ပြီး အမြင့်ဆုံး ဒေးကြေး ၆၀၀၀ အချိန်ပိုတစ်နာရီ ၁၅၀၀အပြင် ရက်မှန်ကြေးမူလကျပ်နှစ်သောင်းအစား ယခုကျပ်သုံးသောင်း  စသဖြင့်တိုးမြှင့်သတ်မှတ်လာကြတာဖြစ်ပါတယ်။

“ဒေးကြေးမတိုးသေးတဲ့စက်ရုံတွေလည်း ရှိနေသေးတယ်။ တစ်ချို့ကျတော့လည်း ငါတို့ကတော့ ၃၆၀၀ ခေတ်ပဲရောက်နေသေးတယ်ဆိုတာလည်းတွေ့နေရသေးတယ်။ ဒေးကြေး၅၆၀၀တောင်းဆိုနေတဲ့စက်ရုံ တွေလည်းရှိနေပါတယ်။ အလုပ်သမားအားလုံးတန်းတူအခွင့်အရေးရပြီး  အခြားစက်ရုံတွေလည်းတိုးပေး ဖို့မျှော်လင့်ပါတယ်။ ဒါကလည်းလုံလောက်နေတဲ့နှုန်းမဟုတ်သေးပါဘူး။ လက်ရှိကုန်စျေးနှုန်းနဲ့ကလည်း ဘယ်လိုမှမကိုက်ညီပါဘူး။  အရင်၄၈၀၀နဲ့ဆိုမဆိုးတဲ့အနေအထားပါ။ တစ်ကယ်ဆိုအဆင်မပြေသေးပါဘူး” လို့  အလုပ်သမားတစ်ဦးက ဆိုပါတယ်။

အခုလိုတိုးမြှင့်သတ်မှတ်ပေးလိုက်ပြီး ဒေးကြေးတိုးမြှင့်လိုက်တဲ့အတိုင်း လုပ်သားသစ်ခေါ်ယူမှုတွေဟာလည်း  ဘရမ်းချုပ်တဲ့စက်ရုံတွေဖြစ်တယ်လို့ ပြောဆိုနေကြသလို   သာမန်စက်ရုံတွေကတော့ ကျပ်၄၈၀၀ သာရရှိနေသေးတာဖြစ်သလို အချို့စက် ရုံတွေဟာလည်း ကျပ်၃၆၀၀ကျပ်နဲ့သာ နေ့စားလုပ်သာများအဖြစ်စေခိုင်းနေကြတယ်လို့လည်း  သ်ိရပ့ါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းမှာ အချို့သောစက်ရုံတွေမှာ အလုပ်သမားထောင်ကျော်အထိ ဒေးကြေး၅၆၀၀တိုးမြှင့် ပေးဖို့နဲ့ ကျွမ်းကျင်ကြေးတွေ လုပ်သက်ကြေးတွေနဲ့ ဆုကြေးတွေတိုးမြှင့်ပေးဖို့ သပိတ်မှောက်တောင်းဆိုမှုပြုလုပ် လာတာရှိသလို အချို့သောစက်ရုံလေးတွေကအလုပ်သမားများဟာလည်း တောင်းဆိုမှုတွေပြုလုပ်လာကြ တာကိုလည်းတွေ့ရပါတယ်။ 
ယခုလိုအချို့သောစက်ရုံတွေရဲ့ တိုးမြှင့်လာမှုဟာလည်း ၂၀၁၈ခုနှစ်ရဲ့ ဒေါ်လာစျေးနဲ့တွက်မယ်ဆိုရင် ၃ဒသမ၅ဒေါ်လာရှိခဲ့တာဖြစ်ရာ  လက်ရှိအခြေအနေအရ အဆိုပါ၃ဒသမ၅ဒေါ်လာအရတွက်မယ်ဆိုရင် တစ်နေ့လုပ်အားခ ၇၃၅၀ရှိတာကြောင့် လက်ရှိ်တိုးမြှင့်ပေးလိုက်တဲ့နှုန်းထားဟာ အလုပ်သမားတွေအတွက် ကိုက်ညီမှုမရှိသေးတာကြောင့်  အလုပ်သမားတွေအတွက် အဆင်ပြေစေမဲ့နှုန်းထားတစ်ခုကိုမျှော်လင့်သလို မတိုးလာသေးတဲ့စက်ရုံအလုပ်တွေက အလုပ်သမားတွေအတွက်လည်း တိုးမြင့်ပေးဖို့လည်း မျှော်လင့်တယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026