NEWS

နိုင်ငံခြားငွေသတ်မှတ်ချိန်ထက်ကျော်လွန်ကိုင်ဆောင်ထားပါက ထိထိရောက်ရောက်အရေးယူမယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူဆို

CoverLogo
1.9K Views

ပို့ကုန်ရငွေနှင့် ကင်းလွတ်ခွင့်ပြုထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားလုံးက  နိုင်ငံခြားငွေများကို သက်မှတ်ချိန် ကျော်လွန်သည်အထိ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအတိုင်း ထိထိရောက်​ရောက်အရေးယူဆောင်ရွက်သွားမယ်လို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆိုလိုက်ပါတယ်။

“၂၆ ရက် ၈ လ ၂၀၂၂ ရက်အထိကို ပို့ကုန်ရငွေအနက်မှ ပို့ကုန်တင်ပို့သူ၊ လွှဲပြောင်းသူ၊ AD လိုင်စင်ရ ဘဏ်များလက်ဝယ်မှာ အမေရိကန်ဒေါ်လာ ၁၉ သန်းခန့် ကိုင်ဆောင်ထားကြောင်း တွေ့ရှိရပါသောကြောင့် ပို့ကုန် တင်ပို့သူ၊ လွှဲပြောင်းသူ၊ AD လိုင်စင်ရဘဏ်များအနေနဲ့ သွင်းကုန်အတွက် ပြည်ပကို ငွေလွှဲပြောင်း ဆောင်ရွက်ခြင်းကို ဆောလျင်စွာ ဆောင်ရွက်ရန်ဖြစ်ပါတယ်။ အဲ့လိုမဆောင်ရွက်ဘဲ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်သည့် အချိန်ကို စောင့်ပြီးတော့ အချိန်မီပေးချေရန်ရှိသည်များကို မပေးချေဘဲ သက်မှတ်ချိန် ကျော်လွန်သည်အထိ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအတိုင်း ကြီးကြပ်ထိန်းကျောင်းမှုကို ထိရောက်စွာဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့  ဗဟိုဘဏ်ညွှန်ချုပ် ဟု ဦးအောင်အောင်က ဩဂုတ်၂၉ရက်က ပြောဆိုခဲ့ပါတယ်။

ဒါဟာ ဩဂုတ်၂၅ရက်က စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများနှင့်စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့သည့်နိုင်ငံခြားငွေစာရင်းကို ဗဟိုဘဏ်သို့ ၂၉ရက်နောက်ဆုံးထားတင်ပြရန် သတ်မှတ်လိုက်ပြီးနောက် အခုလိုအသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

ဩဂုတ်၂၆ရက်အထိ ကင်းလွတ်ခွင့်ပြုခဲ့တဲ့ပြည်ပနိုင်ငံများမှ  နိုင်ငံခြားသုံးငွေဖြင့်ရ ရှိတဲ့ ဝင်ငွေများအနက် ဘဏ်က ဝယ်ယူထားတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၂၀ခန့်နဲ့  ကုမဏီအဖွဲ့အစည်းများက ဝယ်ယူထားတဲ့ ပမာဏဒေါ်လာ၂၀ သန်းခန့်တို့ကို နိုင်ငံခြားငွေလဲနှုန်း မြှင့်တက်တဲ့ အချိန်ကို စောင့်ကာ သတ်မှတ်ချိန် ကျော်လွန်တဲ့အထိကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအတိုင်း ထိရောက်စွာ ဆောင်ရွက်သွားရန်  အသိပေးလိုက်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က  နိုင်ငံခြားသုံးငွေရောင်း၀ယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များမှ ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေရဲ့ ၃၅ရာခိုင်နှုန်းအနက်ဖြစ်စေ ကင်းလွတ်ခွင့်ရှိတဲ့ ကုမ္ပဏီ ရုံး လူပုဂ္ဂိုလ်များထံမှဖြစ်စေ နိုင်ငံခြားငွေ၀ယ်ယူထားခြင်းနဲ့ စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများနှင့် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့တဲ့ စာရင်းတွေကို  ယခုလ ၂၉ရက်နေ့ ညနေ၅နာရီနောက်ဆုံးထားပြီး  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သို့တင်ပြရမယ်လို့  သြဂုတ်၂၅ရက်နေ့ကထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။  

ဒါ့အပြင်အဆိုပါသတ်မှတ်ပြီးနောက် ပြည်တွင်းဘဏ်အချို့ဟာ ဒေါ်လာမထုတ်ဘဲ ငွေလဲနှုန်းတက်ချိန်ကိုစောင့်ဆိုင်းနေကြခြင်းတွေရှိနေသကဲ့သို့ ပြည်တွင်းဘဏ်တစ်ခုမှ  ဒေါ်လာ၁၅သိန်းခိုးယူခံရမှုတစ်ခုကို သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ လည်း သိရပါတယ်။

MyanmarLabourNews

 


Related posts

Cover
နေပြည်တော်မှာ တရုတ်ကပေးတဲ့ အသင့်သုံးရုံးခန်းတွေနဲ့ယာယီရုံးလုပ်ငန်းတွေ လုပ်ဆောင်နေဟုဆို
May 10, 2025
Cover
ငလျင်ဘေးသင့် လူမှုဖူလုံရေးအာမခံ လုပ်သားများ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် လျှောက်ထားနိုင်
May 09, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ခွေးကိုက်ခံရမှု များပြားလာပြီး ကာကွယ်ဆေးထိုးရခက်ခဲလာ
May 06, 2025
Cover
ဘိလပ်မြေဈေးကြီးမြင့်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ရပ်နားရ
Apr 29, 2025
Cover
စစ်ကိုင်း ငလျင်ကြီး တစ်လပြည့်သည်အထိ နောက်ဆက်တွဲ ငလျင်များ ဆက်လှုပ်
Apr 29, 2025
Cover
ငလျင်ဘေးအန္တရာယ်ကြောင့် အလုပ်သမားထောင်ပေါင်းများစွာ ဝင်ငွေဆုံးရှုံးရ
Apr 25, 2025