NEWS

နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
460 Views
 
 
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းတက်ရိပ်ပြခဲ့တဲ့ ရွှေဈေး၊ စက်သုံးဆီဈေးနှုန်းဟာမဆိုသလောက်ဈေးပြန်ကျလာပေမယ့် ‌နိုင်ငံခြားငွေလဲလှယ်နှုန်း‌ တွေကတော့ ခုန်တက်လာပါတယ်။
 
ဒါကြောင့် ဩဂုတ် ၉ ရက်ကနေ ၁၅ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
ဩဂုတ်၁၅ ရက်နေ့ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၉၀၀ကျပ် ၊ ၉၅ တစ်လီတာ ၂၉၅၅အကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၃၅ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီဩဂုတ်၁၄ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၄၀ကျပ်၊ ၉၅ တစ်လီတာ ၂၉၅၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၃၅၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက၄၀ကျပ်နှုန်းနဲ့ ဒီဇယ်ဈေးက၁၂၀ကျပ်နှုန်းဖြင့်မဆိုသလောက်လေးကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကနေ ၃၂၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။
 
ရက်သတ္တပတ်အတွင်း ပြည်တွင်း ရွှေဈေးနှုန်းဟာ တကျပ်သား ၇၈သိန်းကျော်အထိမြင့်တက်ခဲ့တာဟာဩဂုတ်လ၁၁ရက်အထိဖြစ်ခဲ့ပြီး ဩဂုတ်လ၁၂ရက်ကစကာ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းကယခင် ကျပ်၅၈သိန်းနဲ့၉‌ သောင်းကျပ်ဝန်းကျင်ကနေ ၅၈ သိန်း နဲ့၈သောင်း၅‌ ထောင်ဝန်းကျင်ကို ပြန်ကျလာတဲ့အတွက် ပြင်ပ ပြည်တွင်းရွှေဈေးနှုန်းတွေကပါ ၇၆သိန်းလောက်ကို ဈေးအကျဘက်ရောက်လာတာပါ။
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေဟာ အပြောင်းလဲဖြစ်လာကာ အတက်ဈေးဘက်ကို ခုန်တက်လာပါတယ်။
 
ဒါဟာအရင်ထက် ငွေကြေးကရာဂဏန်းဈေးလောက်ခုန်တက်လာကာ ၁၀၀ ကျပ်ကနေ၁၀ကျပ်အတွင်းငွေလဲဈေးတက်လာပါတယ်။
 
ဩဂုတ် ၈ရက်ကနေစလို့ ဩဂုတ်၁၅ရက်အထိ တစ်ပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှုန်းအထိဈေးတက်လာရာ ယခင်ရှေ့တစ်ပတ်ကြာကထက်တော့ ငွေဈေးမြင့်လာတာပါ။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဩဂုတ်၁၅ရက်မှာ ရောင်းဈေး ၄၃၆၀ ၊ဝယ်ဈေး ၄၄၁၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၃ ကျပ်ကျော်၊ ဝယ်ဈေး ၁၃၆ကျပ် ကျော် ၊ယွမ်းငွေကရောင်းဈေး၆၀၈ ကျပ်၊ဝယ်ဈေး ၆၁၇ကျပ်၊ဂျပန်ယန်းဈေးက ရောင်းဈေးနဲ့ဝယ်ဈေး၃၀၀ကျပ်အကျော်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၃၉၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၄၄၀ကျပ်ဈေးမှာတည်ရှိကာ ငွေလဲနှုန်းတက်လာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆၂၈၅ကျပ်အဖြစ် ဩဂုတ်၁၁ရက်မှ ၁၇ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာကဆီဈေး၆၂၄၀ကျပ်ထက် ငွေကျပ်၄၅ကျပ်နှုန်းဈေးခုန်တက်လာရာ ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၂၀၀ အထိဈေးပေး ဝယ်ယူသုံးစွဲနေရတယ်လို့ အိမ်ရှင်မတွေ ထံကသိရပါတယ်။
 
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၇၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
ကြက်ဥ ၊ ဘဲဥ ဈေးတွေကတော့ တစ်လုံးကို အရွယ်အစားအလိုက် ၄၅၀၊ ၅၀၀ကျပ် မှ အထိ ၇၀၀ကျပ် အထိ‌ေစျးရောက်ရှိနေပါတယ်။
 
အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀ ကနေ ၃၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀ အထိ ဈေးနှုန်းတွေလတ်တလော ဖြစ်ပေါ်နေတာပါ။
 
ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးတွေကတော့ရပ်ကွက်ဈေး‌ေတွ မှာပဲသီးရှည် အထုံးကြီးတစ်စည်း ၁၀၀၀-၁၅၀၀ ကျပ်ဈေး၊ ဂေါ်ဖီထုပ်တစ် ထုပ် ၁၀၀၀ ကျပ်ဈေး၊း ပန်းဂေါ်ဖီတစ်ပွင့် ၂၅၀၀-၃၀၀၀ ကျပ်ဈေး၊နံနံပင်အစည်းကြီးတစ်စည်း ၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ဆယ်သား ၇၀၀ ကျပ်၊ခဝဲသီးတစ်တောင့် ၅၀၀ ကျပ်၊ရုံပတေသီး အတောင့် ၁၅ တောင့်ပါတစ်ပုံ ၅၀၀ ကျပ်ဈေး၊ဖရုံညွန့်တစ်စည်း ၁၃၀၀ ကျပ် ဈေး၊ ဟင်းနုနွယ်ရွက်တစ်စည်း ၅၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်တစ်စည်း ၃၀၀ ကျပ် ဈေး၊ ထောပတ်ခရမ်းသီးအလုံးကြီးတစ်လုံး ၈၀၀-၁၀၀၀ ကျပ်၊ ဘုံလုံသီးတစ်တောင့် ၁၀၀၀ ကျပ်၊ ရိုးရိုး ခရမ်း သီး တစ်လုံး ၃၀၀-၄၀၀ ကျပ်၊ ခရမ်းသီးစိမ်းတစ်ဆယ်သား ၅၀၀ ကျပ်၊ မုန်ညှင်းဖူးတစ်ဆယ်သား ၇၀၀ ကျပ်၊ ပြောင်းဖူးတစ်ဖူး ၅၀၀ ကျပ်၊ ပဲလိပ်ပြာတစ်ဆယ်သား ၁၆၀၀ ကျပ်၊ ရွှေပဲတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ငရုတ်ပွ တစ်ဆယ်သား ၁၀၀၀ ကျပ်ဈေးတွေရှိနေပါတယ်။
 
အသားငါးဈေးတွေ အနေနဲ့ကတော့ ကြက်သား၊ဝက်သားဈေးများက အမြင့်ဈေးများတွင်သာ ရှိနေရာ CP ကြက်သား တစ်ဆယ်သား ၂၂၀၀ ကျပ်ဈေးနဲ့ ကြက်ပေါင်တစ်ပိုင်း ၃၅၀၀-၄၅၀၀ ကျပ်၊ ကြက်ရင်ပုံ တစ်ပိုင်း ၅၅၀၀-၆၀၀၀ ကျပ်၊ကြက်ခြေထောက် သုံးချောင်း ၁၀၀၀ ကျပ်၊ ကြက်တောင်ပံတစ်ဆယ်သား ၁၅၀၀ ကျပ်၊ ကြက်ခေါင်းတစ် ခေါင်း ၅၀၀ ကျပ်ဈေးတွေရှိပါတယ်။
 
ကြက်နီမတစ်ဆယ်သား ၃၀၀၀ ကျပ်၊ ဗမာကြက်တစ်ဆယ်သား ၃၆၀၀-၃၈၀၀ ကျပ်၊ ကြက်သည်းကြက်မြစ်တစ်ဆယ်သား ၂၂၀၀ ကျပ်နဲ့ ဘဲသားဈေးကတော့ တစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးရှိပါတယ်။
 
ဝက်သားဈေး‌ေတွအ‌ေနနဲ့သုံးထပ်သားတစ်ဆယ်သား ၃၈၀၀ ကျပ်ဈေး၊ဝက်ပေါင်သား တစ်ဆယ်သား ၃၆၀၀ ကျပ်ဈေး၊ဝက်နံရိုးတစ်ဆယ်သား ၃၀၀၀ ကျပ်၊ ဝက်လက်တစ်ဆယ်သား ၃၅၀၀ ကျပ်၊ ဝက်ခေါင်းသားတစ်ဆယ် သား ၃၃၀၀ ကျပ်ဈေးတွေနဲ့ ဈေးမြင့်နေရာ အမဲသားနဲ့ ဆိတ်သားဈေးတွေကလည်း တစ်ပိဿာကို ကျပ်၃၀၀၀၀ နဲ့အထက်ဝန်းကျင်မှာပဲဈေးဆက်ရှိနေတာပါ။
 
ငါးဈေးကတော့ငါးကြင်းဖြူခုတ်သားတစ်ဆယ်သား ၂၅၀၀ ကျပ်ဈေးမှ ၃၀၀၀ ကျပ်ဈေးအထိရှိပြီးငါးမြစ်ချင်း တစ်ဆယ်သား ၂၀၀၀ ကျပ်ဈေး၊ငါးမြစ်ချင်းအကောင်လိုက် တစ်ကောင် ၈၀၀၀-၁၀၀၀၀ ကျပ်ဈေးတွေနဲ့ဈေးမြင့်နေရာ အခြားငါးတွေအနေနဲ့ငါးပုတ်သင် တစ်ဆယ်သား ၁၅၀၀-၂၀၀၀ ကျပ်ဈေး၊ ငါးပုဏ္ဏားဈေးကတော့ တစ်ဆယ်သား ၄၀၀၀-၄၅၀၀ ကျပ်ဈေး၊ တီလာဗီးယားတစ်ဆယ်သား ၁၅၀၀ ကျပ်၊ ငါးတန် တစ်ဆယ် သား ၂၀၀၀ ကျပ်ဈေး၊ငါးကျည်းတစ်ဆယ်သား ၃၅၀၀ ကျပ်ဈေးမှ ၄၀၀၀ ကျပ်ဈေး၊ငါးဘတ်တစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ် ဈေး၊ ငါးပြေမတစ်ဆယ်သား ၃၀၀၀ ကျပ်‌ေစျး၊ ငါးခူတစ်ဆယ်သား ၃၀၀၀ -၃၅၀၀ ကျပ်ဈေးများနဲ့ ငါးဖယ်ခြစ်၁၀သား ၅၀၀၀ကျပ်ဈေးအထိ ဈေးမြင့်တက်လာတာပဲဖြစ်ပါတယ်။
 
ယခုတစ်ပတ်အတွက် လူသုံးကုန်ပစ္စည်းနဲ့ ‌ပြည်ပကတင်သွင်းပစ္စည်းတွေက ပိတ်ပင်ထားတာတွေဖြစ်ပေါ်ခဲ့လို့ လူသုံးကုန်တွေဖြစ်တဲ့ ဆပ်ပြာမှုန့်၊ နိုင်ငံခြားမုန့်မျိုးစုံ၊လျှပ်စစ်သုံးပစ္စည်းတွေ၊ မီးသီး၊ မီးချောင်းစသဖြင့်နဲ့ အမျိုးသမီးလစဉ်သုံး၊ဒိုက်ဘာ စတဲ့ ယခုရက်ပိုင်းအတွင်းကန့်သတ်လိုက်တဲ့ တင်သွင်းကစ္စည်းတွေ ဈေးမြင့်တက်လာပါတယ်။
 
ပြည်ပကတင်သွင်း ကုန်ထဲကဆေးပစ္စည်းဈေးနှုန်းတွေကလည်း‌ေစျးအနည်းငယ်တက်‌ေနကာ ပါရာစီတမော တစ်ကတ် ၁၇၀၀ ကနေ တခြားအကိုက်အခဲ ပျောက်ဆေးတွေက ဆေးအမျိုးအစားလိုက် တစ်ကတ် ၄၀၀၀ပတ် ဝန်းကျင် အထိ ဈေးနှုန်းရှိနေပြီး အမူးပြေဆေး ၃၀၀၀ကျပ်၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၈၀၀ ကျပ်၊ အစာကြေဆေး တစ်ကတ် ၄၀၀၀ကျပ်အထိ ဈေးကွက်ထဲ ဈေးမြင့်တက်နေပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026