NEWS

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာမှာ သတ်မှတ်နှုန်းထားထက် ပိုကောက်ပါက တိုင်ကြားနိုင်ဟုဆို

CoverLogo
281 Views
 
နိုင်ငံကူးလက်မှတ် Passport သက်တမ်းတိုး အတွက် ရက်ချိန်းယူတာ မှာ အခကြေးငွေယူပြီး ရက်ချိန်းယူပေးသူတွေနဲ့ စာအုပ်သက်တမ်းတိုးအတွက် သတ်မှတ်နှုန်းထားထက်ပိုကောက်သူတွေကို တွေ့ရှိပါက အထောက်အထားနဲ့ တကွ တိုင်ကြားနိုင်တယ်လို့ စင်္ကာပူရှိ မြန်မာသံရုံးက ဩဂုတ် ၈ ရက်မှာ အသိပေးကြေညာပါတယ်။
 
နိုင်ငံကူးလက်မှတ်သက်တမ်း ၁၄ လ ကျန်ရှိတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ သံရုံးရဲ့ WhatsApp နံပတ်ကို အချက်အလက် ပေးပို့ ပြီး ရက်ချိန်းရယူ နိုင်တယ်လို့ မြန်မာသံရုံးက ကြေညာထားပြီး ယင်းကြေညာချက်ကို မသိသေး သူတွေ အပေါ် မြန်မာနိုင်ငံသား ချင်း ချင်း စာနာထောက်ထားမှု မရှိဘဲ အခကြေးငွေ ယူပြီး ရက်ချိန်းယူပေးနေသူတွေ ရှိနေတယ်လို့ သံရုံး ကြေညာချက်မှာ ရေးသားထားပါတယ်။
 
အခုလို မြန်မာနိုင်ငံသားအချင်းချင်း ကူညီမှု မရှိဘဲ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းယူတာ ကို အခကြေးငွေ ပေးဆောင်ရတာမျိုးရှိပါက ငွေလက်ခံသူရဲ့ အမည်၊ ငွေပေးချေမှုအထောက်အထား ဖုန်းနံပတ် တို့ကို သံရုံးရဲ့WhatsApp နံပတ် ကို ပေးပို့တိုင်ကြားနိုင်တယ်လို့ မြန်မာသံရုံးက အသိပေးထားပါတယ်။
 
ဒါ့အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လာရောက် ဆောင်ရွက်ရာ မှာ သတ်မှတ်နှုန်းထား ထက် ပိုမိုကောက်ခံခြင်းရှိပါက ကောင်စစ်ဝန်အရာရှိ သံရုံးတာဝန်ခံ အရာရှိ တို့ ထံ ချက်ချင်းတိုင်ကြားနိုင်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
 
စင်္ကာပူရောက် မြန်မာနိုင်ံ သားတွေ အနေနဲ့ သံရုံးကိုလာရောက်ဖို့ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကိစ္စ တစ်ခုထဲ အတွက် သာ ရက်ချိန်းယူဖို့ လိုအပ်ပြီး ကျန်တဲ့ ကောင်စစ်ဝန်ကိစ္စရပ်တွေ ဆောင်ရွက် လိုပါက သံရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂နာရီ အတွင်း လာရောက် နိုင်တယ်လို့ ဆိုပါတယ်။

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026