NEWS

နိုင်ငံကူးလက်မှတ် အတွက် QR Code မေလ ၁ရက်တွင် ပြန်ဖွင့်မည်

CoverLogo
798 Views
 
နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Appointment System နဲ့ QR Code ယူတာကို လာမယ့် မေလ ၁ရက် မှာ ပြန်ဖွင့်မယ်လို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး က ကြေညာထားပါတယ်။ မတ်လ ၂၈ ရက်မှာ ငလျင်လှုပ်ခပ်ပြီးနောက် QR Code ယူတာကို ယာယီ ရပ်ဆိုင်းလိုက်ပြီး မေလ ၁ရက် မှာ ပြန်လည် လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် တာဝါတိုင်တွေ ပျက်ဆီးခဲ့တဲ့ အတွက် Online Appointment Systemနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ထားတာ တစ်လနီးပါးကြာမြင့်ခဲ့ပါတယ်။
ရန်ကုန်၊မြစ်ကြီးနားနဲ့ လားရှိးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွေ မှာ နိုင်ငံကူး လက်မှတ်ဆောင်ရွက်ဖို Online Appointment Date ရရှိ ထားသူတွေ ဆောလျင်စွာ ဆောင်ရွက် နိုင်ဖို့ Appointment Date တွေ ပြင်ဆင်ထားတဲ့ အတွက် ပြန်လည်စိစစ်ဖိုကိုလည်း အသိပေးထားပါတယ်။
ပြောင်းလဲ ပြင်ဆင်ထားတဲ့ရက်တွေမှာ သက်ဆိုင်ရာရုံးတွေ အလိုက် နိုင်ငံကူးလက်မှတ် သွားရောက် ပြုလုပ်နိုင်တယ်လို ဆိုပါတယ်။
ဒါ့အပြင် မြစ်ကြီးနား ရုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားဖို Appointment Date ရရှိသူတွေ အနေနဲ့ မြစ်ကြီးနား၊မန္တလေးနဲ့ ရန်ကုန်ရုံးတွေ၊ လားရှိးရုံး မှာ လျှောက်ထားတဲ့ နိုင်ငံကူးလက်မှတ် Appointment Date ရရှိ ထားသူတွေ အနေနဲ့ ရန်ကုန်၊မန္တလေးနဲ့တောင်ကြီးရုံးတွေမှာ လျှောက်ထားနိုင်တယ်လို အသိပေး ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026