NEWS

နိုင်ငံကူးလက်မှတ် အတွက် QR Code မေလ ၁ရက်တွင် ပြန်ဖွင့်မည်

CoverLogo
449 Views
 
နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Appointment System နဲ့ QR Code ယူတာကို လာမယ့် မေလ ၁ရက် မှာ ပြန်ဖွင့်မယ်လို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး က ကြေညာထားပါတယ်။ မတ်လ ၂၈ ရက်မှာ ငလျင်လှုပ်ခပ်ပြီးနောက် QR Code ယူတာကို ယာယီ ရပ်ဆိုင်းလိုက်ပြီး မေလ ၁ရက် မှာ ပြန်လည် လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် တာဝါတိုင်တွေ ပျက်ဆီးခဲ့တဲ့ အတွက် Online Appointment Systemနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ထားတာ တစ်လနီးပါးကြာမြင့်ခဲ့ပါတယ်။
ရန်ကုန်၊မြစ်ကြီးနားနဲ့ လားရှိးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွေ မှာ နိုင်ငံကူး လက်မှတ်ဆောင်ရွက်ဖို Online Appointment Date ရရှိ ထားသူတွေ ဆောလျင်စွာ ဆောင်ရွက် နိုင်ဖို့ Appointment Date တွေ ပြင်ဆင်ထားတဲ့ အတွက် ပြန်လည်စိစစ်ဖိုကိုလည်း အသိပေးထားပါတယ်။
ပြောင်းလဲ ပြင်ဆင်ထားတဲ့ရက်တွေမှာ သက်ဆိုင်ရာရုံးတွေ အလိုက် နိုင်ငံကူးလက်မှတ် သွားရောက် ပြုလုပ်နိုင်တယ်လို ဆိုပါတယ်။
ဒါ့အပြင် မြစ်ကြီးနား ရုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားဖို Appointment Date ရရှိသူတွေ အနေနဲ့ မြစ်ကြီးနား၊မန္တလေးနဲ့ ရန်ကုန်ရုံးတွေ၊ လားရှိးရုံး မှာ လျှောက်ထားတဲ့ နိုင်ငံကူးလက်မှတ် Appointment Date ရရှိ ထားသူတွေ အနေနဲ့ ရန်ကုန်၊မန္တလေးနဲ့တောင်ကြီးရုံးတွေမှာ လျှောက်ထားနိုင်တယ်လို အသိပေး ထုတ်ပြန်ထားပါတယ်။

Related posts

Cover
စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ (ရုပ်သံသတင်း)
Oct 03, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025