NEWS

နိုင်ငံကူးလက်မှတ် အတု ဖြင့် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၃ ဦးကိုထိုင်းရဲဖမ်းဆီး

CoverLogo
254 Views
 
ချွန်ဖွန်-ရနောင်း အဝေးပြေးလမ်းမကြီး ပေါ် မောင်းနှင်လာတဲ့ ခရီးသည်တင်ကားတစ်စီး ပေါ်တွင် နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သား ၁၃ ဦး ကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
အောက်တိုဘာ၂၁ရက်က ချွန်ဖွန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတာ၀န်ကျရာ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ်မင်္သကာစရာ ခရီးသည်တင်ကားကို စစ်ဆေးရာမှာ ကားပေါ်တွင် မြန်မာလုပ်သားအမျိုးသား ၁၀ ဦးနဲ့အမျိုးသမီး ၃ ဦးကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းတို့ကို ပွဲစားက လုပ်ပေးထားတဲ့ တံဆိပ်တုံးအတု၊တံဆိပ်ခေါင်းအတု အသုံးပြုပြီး ဗီဇာတံဆိပ်တုံးအတု အပါ နိုင်ငံကူးလက်မှတ်အတု ၁၃ ခု ကို တွေ့ရှိရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
၎င်းတို့ ရဲ့ နိုင်ငံကူးလက်မှတ်တွေထဲမှာ ဓာတ်ပုံ၊ နာမည်နဲ့ ပတ်စ်ပို့နံပါတ်တွေ တည်းဖြတ်ထားတဲ့ အပြင် လူဝင်မှုကြီးကြပ် ရေးစနစ်မှာ ဗီဇာအချက်အလက် လုံးဝမရှိတာကိုပါ တွေ့ရတယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့ လုပ်သားတွေရဲ့ ထွက်ဆိုချက်အရ လမ်း တွင် စစ်ဆေးမှုများကို ရှောင် နိုင်ဖို့ အတွက် ပွဲစားဆိုသူကို ပတ်စ်ပို့တစ်အုပ် လျှင် ဘတ် ၁၅,၀၀၀ ပေးခဲ့ရတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၁၃ ဦးနဲ့သက်သေခံ နိုင်ငံကူးလက်မှတ်အတုတွေ ကို အမြန်လမ်းရဲတပ်ဖွဲ့မှ ချွန်ဖွန်မြို့မရဲစခန်းသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုတွေအတွက် အမြင့်ဆုံးပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်ခံရနိုင်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
Ref-Ch7HD News

Related posts

Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026