NEWS

နားရက်မရှိ အလုပ်လုပ်နေရပြီး ခွင့်ခံစားခွင့်မရရှိတာနဲ့ လုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ ဆို

CoverLogo
3.5K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန် ဗိုလ်တိုက်ချွန်လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်တဲ့ RONG DA Garment စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေပြီး ပြေလည်အောင်ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ နားရက်မရှိ အလုပ်လုပ်ကိုင်နေရပြီး စနေ တနင်္ဂနွေ တွေမှာ အောလင်း၊ အောနိုက် ဆင်းပေးနေရပြီး ကျန် တနင်္လာနေ့မှ သောကြာနေ့ထိကို တနေ့အလုပ်ချိန် ၁၀ နာရီ ၃၀ မိနစ်( နံနက် ၈ နာရီမှ ညနေ ၆ နာရီ ၃၀ ထိ) ဆင်းပေးနေရတဲ့အပြင် အချိန်ပို အနေနဲ့ ည ၇ နာရီကနေ ၁၂ နာရီထိ ဆင်းပေးနေရတဲ့အတွက်ကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

စက်ရုံအတွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်သား ၁၃၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး JANINA အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

"လုပ်ငန်းခွင်ထဲမှာ အောစူပါ စူပါ လီတာတွေကနေ ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာတွေလဲရှိတယ် ဝန်ထမ်းအချင်းချင်းအရှက်ရအောင် အော်ဟစ်ပြောဆိုတာတွေလုပ်တယ် အလုပ်လုပ်ရတာလဲ နားရက်ကိုမရှိတော့ အဆင်မပြေပါဘူး" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့  တနင်္ဂနွေနေ့များတွင် အလုပ်သမားများ၏ သ‌ဘောဆန္ဒ မပါဘဲ အချိန်ပိုကို အဓမ္မခိုင်စေခြင်းများပြုလုပ်ပြီး ဥပဒေပါ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ခွင့်ခံစားခွင့်များကို အလုပ်သမားများကို ပေးတာမျိုးမရှိဘူးလို့လည်း အလုပ်သမားတွေ ကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အနေဖြင့်  အထည်စံချိန်များကိုပိုမို တောင်းခံခြင်းနှင့် အလုပ်သမားများမှ တောင်းခံသော အထည်စံချိန်မပြည့်မှီတာနဲ့ အချိန်ပိုဆင်းရင် ငြင်းဆန်ပါက  လိုင်းရှိ စူပါများမှ ဆဲဆိုကာ  အလုပ်မှထုတ်ပယ်မည်ဟု ခြိမ်းခြောက်မှုများပြုလုပ်တဲ့အတွက် အလုပ်ပြုတ်မှာ စိုးရိမ်စိတ်နဲ့ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

" အချိန်ပိုတွေ မတရားဆင်းခိုင်းတယ် ည ၁၂ နာရီထိ လုပ်ရတဲ့နေ့တွေဆို အိမ်ကိုပြန်မခိုင်းဘဲ စက်ရုံထဲမှာပဲ အိပ်ခိုင်းတယ် အဲ့လို အိပ်ခိုင်းတဲ့အတွက် လည်း အိပ်ဖို့နေရာ မရှိဘူး လုပ်မပေးထားဘူး ယောက်ျား မိန်းမတောင် ခွဲမပေးထားဘူး ကိုယ့်ဘာသာ အဆင်ပြေတဲ့နေရာလေးမှာ အိပ်ရတာ အိပ်ရေးလည်း မဝဘူး ပြီးရင် ညစာလည်း စီစဉ်ပေးတာမဟုတ်လို့ ဘယ်လိုမှ အဆင်ပြေမနေပါဘူး" လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

စက်ရုံလုပ်သားတွေအတွက် နားရက်မရှိ အလုပ်လုပ်ကိုင်နေရတဲ့အတွက် အိပ်ရေးမဝတာ စက်ရုံတွင်း အိပ်တဲ့ရက်တွေမှာ ခြင်ကိုက်တာကြောင့် ဒဏ်ရာအနာတရဖြစ်တာတွေရှိပြီး လူမှုရေးအပါအဝင် ကျန်းမာရေးပါ တဖြည်းဖြည်းထိခိုက်လာတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

ဒါ့အပြင် အလုပ်ရှင်အနေဖြင့် အလုပ်သမားများကို အလုပ်မှထုတ်ပယ်ရာတွင်  အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ်ပါ စည်းကမ်းချက်များအတိုင်းဆောင်ရွက်ခြင်းမရှိဘဲ  ဥပဒေမဲ့ အလုပ်ထုတ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင် အောစူပါ၊ စူပါ၊ လီတာများမှ အလုပ်သမားများပေါ်ရိုင်းစိုင်းဆဲဆိုခြင်းများ မပြုလုပ်ရန် ၊ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်ကြသည့် တနင်္ဂနွေနေ့များတွင် အချိန်ပိုခေါ်မည်ဆိုပါကအလုပ်
သမားများ၏ သ‌ဘောဆန္ဒကိုမေးပြီးမှအချိန်ပိုခေါ်ပူရန်၊ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်ကြသည့် (၁၉၅၁)ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ဥပဒေပါခံခွင့်များ အပြည်အဝပေးရန်၊ လုပ်ငန်းခွင်တွင် အလုပ်ရှင်အနေဖြင့် အလုပ်သမားများအပေါ် အထည်စံချိန်များကိုတောင်းခံမည်ဆိုပါက အလုပ်သမားများအမှန်တကယ်ချုပ်လုပ်နိုင်သောအထည်စံချိန်များသာတောင်းခံရန်၊  ဥပဒေပါ သက်မှတ်ထားသော အချိန်ပိုလုပ်ပိုင်ခွင်အတိုင်းအလုပ်သမားများကိုခေါ်ယူရန်နှင့်  အချိန်ပိုခေါ်မည် ဆိုပါကလဲ အလုပ်သမားများ၏သဘောဆန္ဒကိုမေးပြီးမှခေါ်ယူရန်နဲ့ အလုပ်ရှင်အနေဖြင့် အလုပ်သမားများကို အပြစ်မရှိပဲအလုပ်မှမထုတ်ပယ်ရန် စတာတွေတောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026