NEWS

နယ်စပ်ဖြတ်ကျော် မြန်မာလုပ်သား ၁၅၀ကျော် အဖမ်းခံရ

CoverLogo
428 Views
 
ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ် ကိုင်ဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်တဲ့ မြန်မာအလုပ်သမား ၁၅၀ ကျော် ဖမ်းဆီးခံရတာကို ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီ မြန်မာလုပ်သားတွေက ၁၀ ရက်အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး မေ၂ ရက်နေ့မှာ ၃၃ ဦး၊ ၇ ရက်နေ့မှာ ၈၃ ဦး၊ ၈ ရက်နေ့မှာ ၁၅ ဦး ၊ ၁၁ ရက်နေ့မှာ ၂၂ ဦး အထိ ဖမ်းဆီးခံထားရပါတယ်။
 
"စစ်မှုထမ်း ဥပဒေကြောင့် မြန်မာလူငယ်တွေ ပြည်ပကို ဘယ်လိုပဲ ထွက်ရ၊ ထွက်ရ ဆိုပြီး ထွက်ကျတာ ။ ကံမကောင်းတဲ့သူက အဖမ်းခံရတယ်။ တချို့လည်း လွတ်သွားတာတွေရှိပါတယ်။ ဘယ်လိုပဲ အဖမ်းဆီးများလည်း မြန်မာပြည်ဘက်ခြမ်းမှာက အခြေနေဆိုးလာတော့ အောက်လမ်းကနေ လာတာက ရှိနေမှာပဲ"လို့ ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
 
မေလ ၁၁ ရက် ညပိုင်းမှာ ကန်ချနဘူရီခရိုင် အတွင်း ဖမ်းဆီးခံရခဲ့ရတဲ့ မြန်မာလုပ်သား ၂၂ ဦးက နယ်စပ် ဖြတ်ကျော်ပြီး လှေစီးဖို့ တောအုပ်အတွင်း စောင့်ဆိုင်းနေစဉ် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီ မြန်မာလုပ်သားတွေက ကန်ချနဘူရီနဲ့စမွတ်စခွန်ပြည်နယ်တွေမှာ အလုပ် သွားရောလုပ်ကိုင်မှာ ဖြစ်ပြီး ပို့ဆောင် ပေးသူတွေကို ပွဲစားခ တစ်ဦး ကို ဘတ် ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိ ပေးရတယ်လို့ ထိုင်းစစ်တပ်ကို ပြောကြား ထား ပါတယ်။ ဖမ်းဆီးခံရသူတွေက အသက် ၁၈နှစ်မှ၃၅နှစ် အတွင်း ရှိ အမျိုးသား၊အမျိုးသမီး နဲ့ လူငယ်တွေ အများဆုံး ဖြစ်တယ်လို သိရပါတယ်။
 
လက်ရှိ တရားဝင် ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ကန့်သက်ချက်များစွာနဲ့ တင်းကြပ်ထားတဲ့ အတွက် ပြည်ပကို တရားမဝင်သွားရောက်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ အလုပ်သမားအရေး လုပ်ရှားသူတွေက ပြောပါတယ်။
 
ဖမ်းဆီးမိတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ပြစ်ဒဏ်ကျခံပြီးပါက ထိုင်းအာဏာပိုင်တွေကလည်း စစ်ကောင်စီဆီ ပြန်လည်ပို့ဆောင်တဲ့နေလို့ ၊ ဒီလို ပြန်လည်ပို့ဆောင်တာတွေမလုပ်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ လူ့အခွင့်ရေးအဖွဲစည်းတွေက ထိုင်းအစိုးရကို တောင်းဆိုနေပါတယ်။
Photo- Thai Army

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026