NEWS

နယ်ခြားစောင့်တပ် (BGF)  နိုင်ငံပေါင်း ၂၉ နိုင်ငံမှ နိုင်ငံသား ၇,၀၀၀ ကျော်ကို ထိန်းသိမ်းထား

CoverLogo
466 Views

မြန်မာနယ်ခြားစောင့်တပ် (BGF) က မြဝတီ ဒေသက အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းတွေကို  နှိမ်နင်း ပြီးနောက် နိုင်ငံပေါင်း ၂၉ နိုင်ငံက နိုင်ငံသား ၇,၀၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံက တစ်ဆင့်  ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြထားပါတယ်။  

 

မြဝတီမြို့ကတော့ မြန်မာနိုင်ငံ ကရင်ပြည်နယ် ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်ပြီး  မျက်နှာချင်းဆိုင် ဒေသကတော့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ ဖြစ်ပါတယ်။ BGF သည် ဖမ်းဆီးထိန်းသိမ်းထားတဲ့  နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသား ၄,၈၆၀ က အမျာဆုံး အရေအတွက်ဖြစ်ပြီး ဗီယက်နမ်၊ အိန္ဒိယနဲ့ အီသီယိုပီးယားနိုင်ငံသားတွေကလည်း အများဆုံး စာရင်းမှာ ပါဝင်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံထဲက လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီယား၊ စင်ကာပူနိုင်ငံသားတွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်။ 

 

သတင်းမှာ ဖော်ပြထားတဲ့ နိုင်ငံသားတွေကတော့ အာဖရိကအလယ်ပိုင်းသမ္မတနိုင်ငံက ၉ ဦး၊ အင်ဒိုနီးရှားနိုင်ငံက ၂၈၃ဦး၊ လာအိုနိုင်ငံက ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံက ၁၂၇ဦး၊ မလေးရှားနိုင်ငံက ၇၀၊ ပါကစ္စတန် နိုင်ငံ က ၆၈ ဦး၊ နီပေါနိုင်ငံက ၁၇ ဦး၊ ယူဂန်ဒါနိုင်ငံက ၁၃ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၃၀၊ ကင်ညာ နိုင်ငံသား ၆၄ဦး၊ ရဝမ်ဒါနိုင်ငံသား ၄ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆  ဦး၊ အိန္ဒိယနိုင်ငံသား ၅၂၆ ဦး၊ ထိုင်ဝမ်နိုင်ငံသား ၂ ဦး၊ ကမ္ဘောဒီးယား ၂ ဦး၊ သီရိလင်္ကာနိုင်ငံသား ၈ ဦး၊ ဗီယက်နမ်နိုင်ငံသား ၅၇၂  ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံက ၈ဦး၊ ကင်မရွန်းနိုင်ငံသား ၆ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၇ ဦး၊ တောင်အာဖရိက နိုင်ငံသား ၁၇ ဦး၊ တူနီးရှားနိုင်ငံသား ၃ ဦး၊ နာမီးဘီးယားနိုင်ငံသား    ဦး၊ ရိုမေးနီးယားနိုင်ငံသား ၁ ဦး၊ ဂါနာနိုင်ငံသား ၆ ဦး၊ အယ်လ်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ ချက်သမ္မတနိုင်ငံက ၂  ဦးနဲ့  စင်ကာပူနိုင်ငံသား ၁ ဦးတို့ ဖြစ်ကြပါတယ်။ 

 

ဒီနိုင်ငံသားအရေအတွက်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရရှိထားတဲ့ စာရင်းလို့ ဖော်ပြထားပြီး BGF တပ်ဟာ  မြဝတီဒေသ KK Park နှင့် ရွှေကုက္ကိုမြို့တွေက နိုင်ငံခြားသား ၇,၁၁၈ ဦးကို ထိုင်းနိုင်ငံက တစ်ဆင့် ပြန်လည်ပို့ဆောင်ဖို့ ရည်ရွယ်ထားပြီး သက်ဆိုင်ရာ သံရုံးတွေကို ဆက်သွယ် အကြောင်း ကြားထားတယ် လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

 

Ref/Photo;  The Nation (Thai)


Related posts

Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026
Cover
မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထိုင်းထီပေါက်
Mar 03, 2026
Cover
ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား၁၅ဦးခန့် ဒဏ်ရာရ
Mar 02, 2026