NEWS

ဒေးကြေးနဲ့အချိန်ပိုကြေးတွေတိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒဖော်ထုတ်

CoverLogo
546 Views

လက်ရှိပေးချေနေတဲ့နှုန်းထားအရ ဒေးကြေး ၄၈၀၀ နဲ့အချိန်ပိုကြေး တစ်နာရီ ၁၂၀၀ ကျပ်သာရရှိနေပြီး စားဝတ်နေရေးအတွက် ပြေလည်မှုမရှိလို့ ဒေးကြေး ၅၈၀၀ ပေးဖို့ နဲ့ အိုတီတစ်နာရီ ၁၄၀၀ ကျပ်ပေးဖို့  CHARlS အရုပ်စက်ရုံအလုပ်သမား ၂၀၀ ကျော် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တောင်းဆိုနေပါတယ်။

ဒေးကြေးနဲ့ အိုတီကြေးအပြင် အလုပ်သမားဥပဒေအရ ခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် ဆေးခွင့် စတာတွေ ပေးဖို့ နဲ့ အရုပ်ထုတ်လုပ်မှုစံချိန် အလွန်အကျွံမတောင်းဖို့နဲ့ ဆုကြေးတွေကို အညီအမျှခွဲဝေပေးဖို့ အလုပ်သမားတွေ တောင်းဆိုကြတယ်လို့ ဆိုပါတယ်။

"အခုလို အလုပ်သမားတွေဆန္ဒပြတောင်းဆိုနေတာကို အလုပ်ရှင်က စက်ရုံအပြင်မှာနေပြီး ဘယ်လောက်ကြာကြာ လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်မယ်လို့ ပြောတယ် တောင်းဆိုတာကို ဘယ်လိုပြေလည်အောာင် ညှိနှိုင်းပေးမယ်ဆိုတာ မရှိဘဲ ဘယ်တိုင်တိုင် ဂရုမစိုက်ဘူးလို့ ပဲပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။

လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြသရဖီလမ်းမှာ အလုပ်သမား ၂၀၀ ကျော်နဲ့ ဖွင့်လှစ်လည်ပတ်နေတဲ့ အဆိုပါ အရုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းမှုပြုလုပ်ဖို့အတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ ပြောပါတယ်။

"ပေးထားတဲ့လစာနဲ့ အလုပ်သမားတွေက စားဝတ်နေရေး လုံလောက်မှုမရှိလို့ ဇူလိုင် ၈ ရက်နေ့ကစပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။ဒေးကြေး ကို ၄၈၀၀ ပဲပေးတယ် အချိန်ပိုကို တစ်နာရီ ၁၂၀၀ ကျပ် အဲ့တာကို ဒေးကြေး ၅၈၀၀ ကျပ်နဲ့ အိုတီ တစ်နာရီ ၁၄၀၀ ကျပ်ပေးဖို့ စုပေါင်းတောင်းဆိုတာကို အလုပ်ရှင်က မပေးနိုင်ဘူး တိုင်ချင်တဲ့နေရာတိုင်ဆိုပြီးပြောပါတယ်"လို့ အလုပ်သမားကပြောပြပါတယ်။

ဆန္ဒဖော်ထုတ်တောင်းဆိုမှုမှာ ပြေလည်မှုမရှိသေးဘဲ ဆက်လက်တောင်းဆိုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

"ဆန္ဒမပြခင်က အလုပ်သမားတွေကို တစ်နာရီ ကို စံချိန် ၁၀၀ ထိတောင်းပါတယ်။ အရုပ်တွေက လက်ဝင်ပြီးခက်ခဲတဲ့ အခါမှာ သတ်မှတ်အရေအတွက်မပြီးနိုင်ဘူးဆို မပေးနိုင်မချင်း မရရအောင်လုပ်ပေးရမယ်ဆိုပြီး ဖိအားပေးတောင်းတာ အရေအတွက် မပြည့်ရင် ခွဲခြားဆက်ဆံတာတွေလုပ်တယ်"လို့ အလုပ်သမားကပြောပါတယ်။

"နှစ်လတစ်ခါ ဆုကြေး ရရင်လည်း စူပါတွေက အလုပ်သမားတွေအားလုံးကိုတန်းတူခွဲမပေးဘဲ သူတို့လူကိုပဲ ပိုပေးတာတွေ လုပ်တယ် မတရားဘူးပေါ့ စက်ရုံက အရင်နေရာကနေ မြစိမ်းရောင်စက်မှုဇုန်ကို ၅ လပိုင်း ၁၅ ရက်နေ့က ပြောင်းလိုက်တာ အလုပ်သမားတွေက လုပ်သက် ၅ နှစ်ရှိတဲ့ လူတွေပါတယ်။"လို့ ဆိုပါတယ်။

"လူမှုဖူလုံရေးကြေး ပေးရပေမဲ့ လုပ်သက် ၉ လရှိမှ ဆေးခွင့်ရမယ်ဆိုပြီး ပြောပါတယ်။ ရှောင်တခင်ခွင့်လည်း မပေးပါဘူး ကျန်းမာရေးမကောင်းလို့ အလုပ်ပျက်ရင် နောက်ရက် အလုပ်ကိုလာရင် ဆေးလက်မှတ်ခွင့်ပြရမယ်ဆိုပြီးပြောတယ် မပြနိုင်ရင် အလုပ်ထွက်ရမယ်ပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားအများအပြားခိုင်းစေနေပြီး တနင်္ဂနွေအချိန်ပိုခေါ်ဆိုမှုတွေ ရှိပြီးအချိန်ပိုကြေး ကို တပတ်ကြာမှ ရှင်းပေးတယ်လို့ ပြောပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ 
၁။ ဒေးကြေး (၅၈၀၀)ကျပ်တိုးပေးရန်
၂။ အချိန်ပိုအိုတီကြေး (၁၄၀၀) ကျပ်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ခံစားခွင့်ပေးရန်။
၄။ အလုပ်သမားများရရှိသော ဆုကြေးကိုညီမျှစွာ စူပါများမှခွဲပေးရန်။
၅။ အရုပ်အရေအတွက်များကို မတရားတောင်းခံခြင်း မပြုလုပ်ရန် စတာတွေ ဖြေရှင်းပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026