NEWS

ဒေးကြေးတိုးမြှင့်ပေးပြီး ဆုကြေးများဖြတ်တောက်မယ်ဆိုတဲ့အတွက် အလုပ်သမားတွေအခက်တွေ့

CoverLogo
701 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ၁၈ ရပ်ကွက်၊ ရေပြာလမ်း ၊အမှတ်-- ရှိ Kingsrich (MYANMAR) Fashion Limited မှာ၀င်ရောက်လုပ်ကိုင်နေကြတဲ့  အလုပ်သမားတွေဟာ ဇွန် ၁၀ ရက်နံနက်ပိုင်းက စားဝတ်နေရေးမပြေလည်မှုကြောင့်   ဒေးကြေးတိုးပေးဖို့စက်ရုံတစ်ရုံလုံး အလုပ်ရပ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြရာ  လုပ်ငန်းရှင်ဘက်က ဒေးကြေး ၇၅၀၀ ပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ ယခင်က ပေးထားတဲဆုကြေးတွေ ဖြတ်တောက်မယ်ဆိုတာကြောင့် အလုပ်သမားတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

"တိုးတော့တိုးပေးတယ် ၇၅၀၀ နဲ့အချိန်ပိုကြေးနှစ်ထောင်တဲ့။ ဆု​ကြေးဖြုတ်မယ်တဲ့။ ဘာမှသေချာတာလား မသေချာတာလားမသိဘူး။ စာချုပ်မချုပ်ပေးဘူးတဲ့။ နှုတ်နဲ့ပဲသဘောတူပေးထားတာ" လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။      

KINGSRICH (MYANMAR) FASHION CO,LTD Garment စက်ရုံရဲ့ အလုပ်ချိန်မှာ မနက် (၈း၀၀) မှ ညနေ (၆း၃၀) ထိဆင်းရပြီး  အချိန်ပို (၂) နာရီဆင်းရတာဖြစ်ပြီး  လုပ်ခလစာမှာ ဒေးကြေး ၄၈၀၀+ ၁၀၀၀ ကျပ်၊ အချိန်ပိုကြေး၊ အထည်ဆုကြေး၊ ရက်မှန်ကြေး ၃၀၀၀၀ ကျပ်၊ ဂရိတ်ကြေးဘောနက်စ် အဖြစ် လစာပေးထားတာဖြစ်ရာ  ရက်ပျက်ပါက ၁၅ ရက်တစ်ကြိမ်ဖြတ်တောက်ပြီး  အထည်စုကြေးကို တစ်ပတ်တခါ ရှင်းပးပေးတယ်လို့သိရပါတယ်။ 

အလုပ်သမားတွေရဲ့​ဒေးကြေးအရမ်းနည်းပါးလွန်းတာကြေင့်  ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၁၀ ရက်နေ့တွင် လစာတိုးမြင့်ပေးရန်အတွက် အလုပ်သမားအားလုံးဆန္ဒပြ တောင်းဆိုးခဲ့ကြရာ ညနေ၄နာရီဝန်းကျင်တွင် စက်ရုံထဲတွင်ညှိနှိုင်းပေးမှုကြောင့် ဒေးကြေး ၄၈၀၀+၁၀၀၀= ၅၈၀၀+ ၁၇၀၀ = ၇၅၀၀ ကျပ်နှင့် အချိန်ပိုကြေး ၂၀၀၀ ကျပ်ပေးမည်ဖြစ်ပြီး အထည်ဆုကြေးကို ဆက်လက်မပေးတော့ဘူးလို့နှုတ်ကတိဖြင့်သဘောတူထားတာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ကစာချုပ်ချုပ်မပေးဘူး။ နှုတ်ကတိနဲ့ပဲပေးထားတာ။ စာချုပ်မချုပ်ဘူးဆိုတော့ ကျွန်မတို့မယုံရဲဘူး။ ခုကဒေးကြေး၇၅၀၀ နဲ့ အချိန်ပိုကြေး ၂၀၀၀ ပေးမယ်။ ဒါပေမဲ့ဆုကြေးကိုဖြုတ်လိုက်ဆိုပြီး WCC ကအလုပ်ရှင်ဘက်ကိုဝင်ပြောတော့ အဲ့တာအတည်လိုဖြစ်သွားတယ်။ ခုမနက်အလုပ်တောအလုပ်နေကြတယ်။ စောင့်ကြည့်ခံနေကြရတယ်" လို့ သိရပါတယ်။ 

ဒါ့အပြင် ၂၀၂၄ခုနှစ်၊ ဇွန်လ၊ ၁၀ ရက်နေ့က စက်ရုံလုပ်သားများအလုပ်ရပ် ဆန္ဒပြနေစဉ် အရပ်အဝတ်ဖြင့် ရဲနှင့် စစ်သားဆိုသူများလာရောက် ကြည့်ရှု့သွားတယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်လူမျိုးပိုင်ဆိုင်ပြီး အလုပ်သမား (၁၀၀၀) ကျော်ဖြင့် H&M အမှတ်တံဆိပ် သရေဂျာကင်ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။ စက်ရုံမှာအလုပ်သမားများ သမဂ္ဂအဖွဲ့အစည်းမရှိပဲ  (WCC)သာဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံထဲမှာ  လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီရှိ ပေမဲ့ အလုပ်သမား တောင်းဆိုချက်တွေကို သေချာမမေးပဲ ညှိနှိုင်းမှုများပြုလုပ်တဲ့အတွက်  အလုပ်သမားတွေရဲ့ဆုကြေးဆက်လက်ပေးစေချင်သလို  အချို့တောင်းဆိုမှုများဖြစ်တဲ့ လုပ်ငန်းခွင်အတွင်း စူပါများမှ အော်ဟစ်ပြောဆိုမှုများ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ထဲကစပြီး အချိန်ပိုကို ည ၇း၀၀ နာရီ ၃၀ မိနစ်ထိ ဆင်းနေရခြင်း၊  နေ့လည် ထမင်းစာတက်ချိန်ပဲနားရပြီး ညနေကို ဆက်တိုက် ည ၇း၀၀ နာရီ ၃၀ မိနစ်ထိကို မနားပဲဆင်းရခြင်း၊  စက်ရုံအနေဖြင့် အလုပ်သမားများကို အစာပြေစာကျွေးတာမရှိခြင်းစတဲ့အချက်တွေကိုလည်း ညှိနှိုင်းဆွေးနွေးပေးစေလိုတယ်လို့ အလုပ်သမားများကဆိုထားပါတယ်။ 

အလုပ်သမားများတောင်းဆိုချက်များဟာ 
၁။ ဒေးကြေးလက်ရှိပေးသည်ကိုသဘောတူသည်။ယခင် ပေးထားသည့် ခံစားခွင့်များကို ဆက်လက်ခံစားခွင့်ပေးရန်။
၂။ တစ်ပါတ်တစ်ခါပေးသည်အထည်စုကြေးကို ယခင်တိုင်းခံစားခွင့်ပြုရန်။ 
၃။ စူပါ၊အော်စူပါများမှ အော်ဟစ်ပြောဆိုခြင်းမပြုရန်။
၄။ ည ၇း၀၀ နာရီ ၃၀ မိနစ်ထိ အလုပ်ဆင်းရပါက အနားပေးရန်နှင့် အစာပြေစာကို အလုပ်ရှင်မှ စီစဉ်ပေးရန်တို့ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026