NEWS

ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေ

CoverLogo
847 Views
ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမား ၄၀၀ ကျော်  လုပ်ငန်းခွင်ရပ်နားပြီး ဆန္ဒပြတောင်းဆိုနေ တယ်လို့ သိရပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်က တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတာပါ။
 
ခေတ်ကာလနှင့်လျော်ညီတဲ့ ဒေးကြေး သတ်မှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပြီး ဒေးကြေးအလိုက် အချိန်ပိုကြေးတိုးပေးဖို့ တောင်းဆိုနေတာပါ။
 
"ဒေးကြေး ၁၃၀၀၀ ကျပ်နဲ့  ဒေးကြေးအလိုက် အချိန်ပိုအိုတီ ကြေးတောင်းဆိုတာ"လို့ အလုပ်သမားကပြောပါတယ်။
 
စက်ရုံ ၂ ရုံပေါင်း အလုပ်သမား ၁၀၀၀ ဝန်းကျင် ရှိပြီး VERO MODA အမှတ်တံဆိပ်ချုပ်လုပ်နေတာလို့ သိရပါတယ်။
 
လက်ရှိမှာတော့ ဒေးကြေး ထောက်ပံ့ကြေး စုစုပေါင်း ၈၈၀၀ ကျပ် သာရရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ကြီးကြပ်သူတွေက အလုပ်သမားတွေကို ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခိုင်းစေတာ အထည်စံချိန် တဖက်သတ်သတ်မှတ်ပြီး အတင်းအကျပ်တောင်းခံတာနဲ့ တနင်္ဂနွေနေ့မှာ အချိန်ပို အတင်းအကျပ် ဆင်းခိုင်းပြီး ပိတ်ရက် အနားမပေးတာ ဆေးပေးခန်းမှာ ဆေးမရှိတာ စတဲ့ အခြေအနေတွေကြောင့်လည်း လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026