NEWS

ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေ

CoverLogo
670 Views
ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမား ၄၀၀ ကျော်  လုပ်ငန်းခွင်ရပ်နားပြီး ဆန္ဒပြတောင်းဆိုနေ တယ်လို့ သိရပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်က တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတာပါ။
 
ခေတ်ကာလနှင့်လျော်ညီတဲ့ ဒေးကြေး သတ်မှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပြီး ဒေးကြေးအလိုက် အချိန်ပိုကြေးတိုးပေးဖို့ တောင်းဆိုနေတာပါ။
 
"ဒေးကြေး ၁၃၀၀၀ ကျပ်နဲ့  ဒေးကြေးအလိုက် အချိန်ပိုအိုတီ ကြေးတောင်းဆိုတာ"လို့ အလုပ်သမားကပြောပါတယ်။
 
စက်ရုံ ၂ ရုံပေါင်း အလုပ်သမား ၁၀၀၀ ဝန်းကျင် ရှိပြီး VERO MODA အမှတ်တံဆိပ်ချုပ်လုပ်နေတာလို့ သိရပါတယ်။
 
လက်ရှိမှာတော့ ဒေးကြေး ထောက်ပံ့ကြေး စုစုပေါင်း ၈၈၀၀ ကျပ် သာရရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ကြီးကြပ်သူတွေက အလုပ်သမားတွေကို ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခိုင်းစေတာ အထည်စံချိန် တဖက်သတ်သတ်မှတ်ပြီး အတင်းအကျပ်တောင်းခံတာနဲ့ တနင်္ဂနွေနေ့မှာ အချိန်ပို အတင်းအကျပ် ဆင်းခိုင်းပြီး ပိတ်ရက် အနားမပေးတာ ဆေးပေးခန်းမှာ ဆေးမရှိတာ စတဲ့ အခြေအနေတွေကြောင့်လည်း လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025