NEWS

ဒေးကြေး တိုးပေးရန် တောင်းဆိုမှုအား စက်ရုံဘက်မှ တုန့်ပြန်မှု မရှိ၍ Gainway International (Myanmar) Garment လုပ်သားများ ဆန္ဒပြ

CoverLogo
822 Views

ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Gainway International (Myanmar) Garment က အလုပ်သမားလုပ်သားတွေဟာ တစ်ရက်လုပ်အားခ (ဒေးကြေး) ၅၆၀၀ တိုးပေးဖို့အတွက် စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

" ဒီကနေ့ တောင်းဆိုတာပါ။ ၅လပိုင်း(မေ) ၃၀ရက်နေ့က တောင်းဆိုတယ်။ စာတွေပို့တယ်။ ၆လပိုင်း(ဇွန်) ၃ရက်နေ့မှာ ရုံးပေါ်တက်ပြောတယ်။  အရင်ရက်တွေကတော့  စာတိုက်ပုံးတွေကနေစာနဲ့တောင်းဆိုတယ်။ မရလို့ ဦးစီးမှူး ရုံးကိုပြောတော့ အဆင့်ဆင့်ညှိလို့ပြောတယ်။ WCC နဲ့အရင်ညှိပြီးမှလုပ်ပါဆိုလို့ WCC က လည်း စက်ရုံကို တက်ညှိ ပေးတယ်။ သူတို့ကလည်းအလုပ်ရှင်တိုးပေးမှရတာဆိုတော့ တင်ပြပေးလို့ ပဲရ တယ်။ အလုပ်ရှင် ကတော့ အကြောင်းမပြန်ပါဘူး။ ဒါကြောင့်ခုလိုတောင်းဆိုတာပါ" လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

Gainway International (Myanmar) Garment စက်ရုံအလုပ်သမား ၉၀၀ ကျော်အထဲက အလုပ်သမား ၈၂၅ ဦးဟာ တစ်ရက်လုပ်အားခ ၅၆၀၀ ကျပ်တိုးပေးဖို့ သဘောတူ လက်မှတ်ထိုးပြီး စာနဲ့ တင်ပြတောင်းဆို ခဲ့တယ်လို့ ပြောပါတယ်။ ဒီတောင်းဆိုမှုကို တုံ့ပြန်မှူမရှိလို့ ဒီကနေ့ ဇွန် ၉ရက်မှာတော့ လုပ်ငန်းခွင်ကို မဝင်ရောက်ဘဲ  စက်ရုံအတွင်း  တောင်းဆိုနေကြတာဖြစ်တယ်လို့  Myanmar Labour News ကို ပြောပြထားပါတယ်။

Gainway International (Myanmar) Garment စက်ရုံဟာ H&M ကုန်အမှတ်တံဆိပ် အမျိုးသမီး အတွင်းခံ အဝတ်အထည် တွေချုပ်လုပ်နေတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ထည်ထောင်ထားတာဖြစ်လို့ DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ် ။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026