NEWS

ဒီဇင်ဘာလ ဒုတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
631 Views

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။ ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေနဲ့ အလုပ်သမားတွေ  စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ 

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ယခုတစ်ပတ်တာ ဒီဇင်ဘာ ၉ ရက်နေ့  ဒီဇင်ဘာ ၁၅ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့   ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ ရက်အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များမှာ ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂ တစ်လီတာလျှင် ၃၀၆၅ကျပ် ၉၅ တလီတာ ၃၁၈၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ   ၂၆၃၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၇၅ ကျပ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိဈေးနှုန်းကတော့ ၉၂တစ်လီတာလျှင် ၃၀၄၀ကျပ် ၉၅ တလီတာ  ၃၁၅၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၅၉၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၁၀ ကျပ်ဖြစ်သတ်မှတ်ထားပြီး ယခင်ကထက်ကျပ် အနည်းငယ်ကျဆင်းသွားတာ တာတွေ့ရပါတယ်။ 

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တလီတာ  ၃၂၀၀ ကျပ်မှ  ၃၅၀၀ ကျပ်နှုန်းဖြင့်အရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ဒီဇင်ဘာ ၉ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၆၂ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၃ သိန်း ၁ သောင်းကျော်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်နေ  ၅၃ သိန်း၅သောင်းကျော်၊ ဒီဇင်ဘာ ၁၁ရက်နဲ့ ၁၂ ရက်နေ့မှာတော့ ၅၃ သိန်း၈ သောင်းဖြစ်ကာ ဒီဇင်ဘာ ၁၃ရက်မှ ၁၅ရက်နေ့အထိ  ၅၄သိန်း သတ်မှတ်ထားတာကြောင့်  ယခုတစ်ပတ်တာရဲ့ရွှေလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်ဈေးနှုန်းဟာ တပတ်တာလုံး ဈေး အနည်းငယ်မြင့် လာပါတယ်။

ပြင်ပရွှေဈေးကွက်မှာတော့ ဒီဇင်ဘာ ၉ ရက်နေ့ ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၁ သိန်း ၁သောင်းကျပ်ဖြစ်ပြီး ၁၀ ရက်နေ့မှာတော့  ၆၁ သိန်း၇သောင်း၊  ၁၂ရက်နေ့မှာ ၆၂သိန်းဖြစ်ကာ ၁၃ ရက်မှာတော့  ၆၁ သိန်း ၆ သောင်းသို့ ပြန်လည်ကျဆင်းလာခဲ့ပြီး ၁၄ ရက်နေ့နဲ့ ယနေ့ ၁၅ရက်နေ့မှာတော့ ၆၁ သိန်းသို့ဆက်လက်ကျဆင်းလာတယ်လို့ ဈေးကွက်ပေါက်ဈေးအရ သိရပါတယ်။

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဒီဇင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၁၅ရက်အထိ တပတ်တာ လုံးမှာ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှုန်းဖြင့် ယခင်သတ်မှတ်ဈေးအတိုင်းသာ ဆက်လက်ဈေးငြိမ်နေပါတယ်။

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ 

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၉၁ ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော် နှုန်းနဲ့ဖြတ်နေတာပဲဖြစ်တယ်လို့   သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ ဒီဇင်ဘာ ၉ ရက်မှဒီဇင်ဘာ ၁၅ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၂၅၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက် အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သာသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၂၀၀၀  ကျပ်ကနေ ၁၃၀၀၀ အထိ အမြင့်ဈေးမှာသာ ရှိနေပြီး စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့် ရောင်းချပေးနေတာတွေပြု လုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၇၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံ အလုပ်သမားတွေနဲ့အများစုဝယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်ဝယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရာနှောဝယ်ယူကြတယ်လို့လည်း သိရပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်း ( ရပ်ကွက်ဈေး) တွေကတော့  ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ ကျပ်၊ ၊  ငြုပ်သီးစိမ်း အနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစီး ၅၀၀ကျပ်၊ ကြက်ဥ တလုံး ၅၀၀အလုံးသေး၊ ဘဲဥတလုံး  ၇၀၀၊ မုံလာဥတစီး ၁၂၀၀၊ ခဝဲသီးတစ်တောင့် ၇၀၀၊ ဂေါ်ရခါးညွန့် တစီး ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး တလုံး ၆၀၀၊ ပဲသီး ၁၂၀၀(အစီးသေး)၊  အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။ 

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၁၅၀၀၀ ကျပ်( စီပီကြက်)၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် ၊ အမဲသား တစ်ပိဿာ ၂၆၀၀၀၊ ဝက်သား ၁ ပိဿာ ၃၂၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါးအနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာဝယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတမော ( ရိုးရိုး) တစ်ကတ် ၅၀၀ ၊  ပါရာကတ် ( ပါရာစီတမော) ၁၃၀၀ ( တလုံး ၁၅၀) ၊ သန္ဓေတား ဆေး တစ်ကတ် ၄၅၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၁၀၀၀ ( ရိုးရိုး) ၊ သွေးပေါင်ကျဆေး ( amlong )၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း ( အရည်အသွေးနိမ့်) တစ်ထုတ် ၂၇၀၀  ကျပ်ဖြစ်နေပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။


Related posts

Cover
ပြည်တွင်းဆန်ဈေး အတက်ကြမ်းလာ
Jun 23, 2026
Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026