NEWS

ဒီဇင်ဘာ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
490 Views

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။ 

ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ 

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ယခုတပတ်တာ ဒီဇင်ဘာ ၁၆ ရက်နေ့ ကနေ ဒီဇင်ဘာ ၂၂ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့   ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်ထိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂ တစ်လီတာလျှင် ၃၀၄၀ ကျပ် ၉၅ တလီတာ  ၃၁၅၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၅၉၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၁၀ ကျပ်ဖြစ်သတ်မှတ်ထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကနေ  ဒီဇင်ဘာ ၂၂ရက်အထိဈေးနှုန်းကတော့ ၉၂ တစ်လီတာလျှင် ၃၁၁၀ကျပ် ၉၅ တလီတာ ၃၂၂၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ   ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၉၀ကျပ်အဖြစ် သတ်မှတ်ထားတာဖြစ်လို့  ယခင်ကထက် မြင့်တက်လာ တာတွေ့ရပါတယ်။ 

စက်သုံးဆီဈေးနှုန်းဟာ အပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တလီတာ   ၃၂၀၀ ကျပ်မှ  ၃၅၀၀ ကျပ်နှုန်းဖြင့်အရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။ 

တပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတအောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၅၃ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၃သိန်း၇  သောင်းကျော်ဖြစ်ကာ ဒီဇင်ဘာ ၁၈ရက်နေ  ၅၃ သိန်း၈သောင်းကျော်၊ ဒီဇင်ဘာ ၁၉ ရက်မှာ ၅၃ သိန်း၃ သောင်းဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ရက်နေ့အထိ  ၅၂သိန်း၅သောင်း သတ်မှတ်ထားတယ်လို့ရွှေလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်ဈေးနှုန်းအရ သိရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၁ သိန်း ၃သောင်းကျပ်ဖြစ်ပြီး ၁၈ ရက်နေ့မှာတော့  ၆၁ သိန်း၄သောင်း၊  ၁၉ ရက်နေ့မှာ ၆၁သိန်းဖြစ်ကာ ၂၀ ရက်ကနေ  ၂၂ရက်နေ့အထိမှာတော့  ၆၁ သိန်း ၃သောင်းဖြစ်တယ်လို့ ဈေးကွက်ပေါက်ဈေးအရ သိရပါတယ်။

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ တပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှုန်းဖြင့် ယခင်သတ်မှတ်ဈေးအတိုင်းသာ ဆက်လက်ဈေးငြိမ်နေတာပဲဖြစ်ပါတယ်။ 

အဆိုပါဈေးနှုန်းနဲ့ဈေးငြိမ်နေတာ  သုံးပတ်ဆက်တိုက်ကြာမြင့်နေတာတွေ့ရတာပဲဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၉၂ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၂၀၀ကျော် နှုန်းနဲ့ဖြတ်နေတာပဲဖြစ်တယ်လို့   သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ္တာ ဒီဇင်ဘာ ၁၆ ရက်မှဒီဇင်ဘာ ၂၂ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၇၂၅၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက် အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၂၀၀၀  ကျပ်ကနေ  ၁၃၀၀၀ အထိ အမြင့်ဈေးမှာသာ ရှိနေပြီး စားဆီကုန်သည်များကလည်း ဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့် ရောင်းချပေးနေတာတွေပြု လုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၈၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံ အလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရာနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ ကျပ်၊ ၊  ငြုပ်သီးစိမ်း အနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစီး ၅၀၀ကျပ်၊ ကြက်ဥ တလုံး ၅၀၀အလုံးသေး၊ ဘဲဥတလုံး ၇၀၀၊မုံလာဥတစီး  ၁၀၀၀၊ ခဝဲသီးတစ်တောင့် ၇၀၀၊ ဂေါ်ရခါးညွန့် တစီး ၁၃၀၀ကျပ်၊ ဂေါ်ရခါးသီး တလုံး ၅၀၀၊ ပဲသီး ၁၃၀၀(အစီးသေး)၊  အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။ 

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၅၀၀၀၊ ဝက်သား  ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား ၊ ဆိတ်သား၊ ဘဲသား ၊ ငါးအနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတေမာ တစ်ကတ်  ၁၃၀၀ ( တလုံး ၁၅၀) ၊ သန္ဓောတားဆေး တစ်ကတ် ၄၅၀၀  ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် ၂၇၀၀  ကျပ်ဖြစ်နေပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။


Related posts

Cover
ပြည်တွင်းဆန်ဈေး အတက်ကြမ်းလာ
Jun 23, 2026
Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026