NEWS

ဒဂုံအရှေ့စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမီးလောင်

CoverLogo
324 Views

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက်ည ၇ နာရီ ၅၁ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတငိးထုတ်ပြန်ချက်အရ သိရပါတယ်။
  
"ကနဦးတော့ အထည်ချုပ်စက်ရုံကလို့သိရတယ်။ ကျန်တာက စစ်ဆေးတုန်းပဲဗျ။ သေချာမသိရသေးဘူး။ " လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ 

မီးလောင်မှုဟာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပန်းပဲဝန်ဦးရွှေအိုးလမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ​ဖြစ်ပြီး မီးလောင်မှုကို မြန်မာနိုင်ငံမီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ  ည ၈ နာရီ ၄ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့မြန်မာနိုင်မီးသတ်တပ်ဖွဲ့တာဝန်စစ်ဆေးနေတယ်လို့သိရပါတယ် ။ 

ယခုလ ဒီဇင်ဘာလ ၅ရက် ည၈နာရီလန့်ကလည်း  ဒဂုံအရှေ့စက်မှုဇုန်ရှိ ကော်စေ့စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့လို့ ထိခိုက်မှုတွေရှိခဲ့သလို မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့် ၈နာရီကျော်ကြာအထိ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကာ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းမှသာ  မီးငြိမ်းသွားခဲ့ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Chi Mai အထည်ချုပ်စက်ရုံမှူး ဆဲဆို ခြိမ်းခြောက် ခိုင်းစေ
Jun 21, 2025
Cover
Hosheng Myanmar အထည်ချုပ် ကိုယ်ဝန်ဆောင်ပါ ညနက် အချိန်ပိုဆင်းခိုင်း
Jun 21, 2025
Cover
အလုပ်အချိန် အလွန်အကျွံဖိအားပေးခိုင်းစေပြီး အခွင့်အရေးချိုးဖောက်
Jun 20, 2025
Cover
Myanmar Ayeyarwaddy MFG စက်ရုံ ရက်ပျက်ဆိုပြီး ၂ ရက်အတွက် ဒေးကြေးဖြတ်
Jun 20, 2025
Cover
အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ
Jun 19, 2025
Cover
ဘန်ကောက်တွင် တနေ့လုပ်ခ အနည်းဆုံး ဘတ် ၄၀၀ တိုးပေးမည်
Jun 19, 2025
Cover
အလုပ်သမားဝင်ငွေကနေ အခွန်ဖြတ်
Jun 19, 2025
Cover
အလုပ်သမားခေါင်းဆောင် ဦးသက်နှင်းအောင်ကို အဆိုးရွားဆုံးပုံစံဖြင့် ဆက်လက်တိုက်ပိတ်ထားဟုဆို
Jun 19, 2025