NEWS

ထျန်းယိ ဖိနပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေနေ

CoverLogo
766 Views
 
ရွှေလင်ဗန်းစက်မှုဇုန်၊ ထျန်းယိ( Tain Yu) ဖိနပ်စက်ရုံက အချိန်ပို အလွန်အကျွံခိုင်းစေတာကြောင့် လူမှုရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို OTတွေအရမ်းခေါ်တယ်။ စနေနေ့တောင် ၇ နာရီခွဲအထိ ဆင်းပေးရတယ်။ ဒီ မေလ ၁၂ ရက်ကစပြီး ည ၈ နာရီခွဲအထိ အလုပ်ဆင်းရမယ်တဲ့။ မဆင်းမနေရ လို့ ပြောတယ်။ အလုပ်သမားတွေ အရမ်းပင်ပန်းတယ်။ အိမ်တောင်သည်တွေ ဆို မယုံမကြည်ဖြစ်ပြီး ပြဿနာတွေ ခဏခဏ ဖြစ်တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက နေ့စဉ် ည ၇ နာရီခွဲအထိ လုပ်ကိုင်ခိုင်းသလို စနေ့တိုင်း ည ၇ နာရီခွဲအထိ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် တနင်္ဂနွေပိတ်ရက်အများစု အနားမရဘဲ အလုပ်ဆင်း ပေးရတယ်လို့လည်း သိရပါတယ်။
“တနင်္ဂနွေနေ့ တစ်လကို သုံးရက်ဆင်းရတယ်။ ဒါကြောင့်လည်း တစ်လကို တစ်ရက်တည်း နားရတာ။ လူမှုရေးကိစ္စတွေ ဘာမှမလုပ်နိုင်ဘူး၊ မျက်နှာပျက်ရတယ်။ တခြားပိတ်ရက်တွေလည်း သုံးရက်ပိတ်ရင် နှစ်ရက် အလုပ် လုပ်ခိုင်းတယ်။” လို့ အလုပ်သမားတွေကပြောပါတယ်။
 
စက်ရုံရဲ့ အလုပ်ချိန်က မနက် ၈နာရီကနေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပြီး အချိန်ပို ဆင်းဖို့အတွက် အလုပ်သမားတွေကို စက်ရုံဘက်က ဖိအားပေးနေတာလို့ ပြောပါတယ်။
 
“အချိန်ပို အလုပ်ချိန်တွေ တွက်ကြည့်၊ ဥပဒေမှာ ခွင့်ပြုထားသလို မဟုတ်ဘူးဆိုတာတွေ့ရမှာ။ ညီမတို့ အချိန်ပိုက တပတ်ကို ၂၀ နာရီကျော်နေပါပြီ ။ နာရီ ၃၀ လောက် လုပ်နေရတာပါ။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
Tain Yu ဖိနပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဖုန် ၊ ပိထောက်လမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောထားပါတယ်။ ၂၀၂၃ ခုနှစ်က အချက်အလက်တွေမှာတောာ့ Tain Yu ဖိနပ်စက်ရုံမှာ အလုပ်သမား ၃၀၀၀ ဝန်းကျင်က H&M တံဆိပ် shoes ဖိနပ်တွေ ချုပ်လုပ်တာကို တွေ့ရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026