NEWS

ထိုင်းအစိုးရမှ နိုင်ငံခြားသားအလုပ်သမားများကို ဝေါ့ပါမစ်စစ်ဆေးမှုများကိုပိုမိုတင်းကြပ်သွားမည်

CoverLogo
313 Views
 
ထိုင်းအစိုးရအလုပ်သမားဝန်ကြီး မစ္စစ် ထရီနွတ်ချ် ထီယန်ထောင်းက ထိုင်းနိုင်ငံတွင် နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများအပေါ် အလုပ်လုပ်ခွင့်ပါမစ် စစ်ဆေးမှုကို တင်းကျပ်စွာ ပြဋ္ဌာန်းရန် အလုပ်အကိုင်ဌာနနှင့် နိုင်ငံတစ်ဝှမ်းရှိ ၎င်းနှင့် ဆက်စပ်အေဂျင်စီများအား ညွှန်ကြားထားကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဝန်ကြီးက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအချို့သည် လက်ရှိတွင် အထူးသဖြင့် အဓိကစီးပွားရေးဇုန်များနှင့် နယ်စပ်ပြည်နယ်များတွင် ထိုင်းနိုင်ငံကို မျက်နှာစာအဖြစ် အသုံးပြုနေကြောင်းပြောကြားခဲ့ပါတယ်။
 
အဆိုပါကဲ့သို့ ရာဇဝတ်ဂိုဏ်းများရဲ့​ဆောက်ရွက်ချက်များကြောင့် အလုပ်သမားဌာနများအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများရဲ့စာရွက်စာတမ်းများနှင့်အထောက်အထားများကို အတင်းကျပ်ဆုံးစစ်ဆေးရန် လုံခြုံရေးအေဂျင်စီများနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။
 
ထိုင်းနိုင်ငံကို နိုင်ငံခြားလိမ်လည်သူများအတွက် အခြေစိုက်စခန်းဖြစ်လာခွင့်ပေးမည်မဟုတ်ဘဲ အလုပ်လုပ်ခွင့်ပါမစ်များကို ရာဇဝတ်မှုများအတွက် ကိရိယာတစ်ခုအဖြစ် အသုံးပြုနေသော နိုင်ငံခြားသားများနှင့် အွန်လိုင်းလိမ်လည်မှုများတွင်ပါဝင်ပတ်သက်နေသူများကို အလုပ်လုပ်ခွင့်ပါမစ်များကို ရုပ်သိမ်းပြီး ခြွင်းချက်မရှိဘဲ တရားစွဲဆိုရန် အာဏာပိုင်များထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းဝန်ကြီးကပြောပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026