NEWS

ထိုင်းရှိအပူပေးစက်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄ ဦးလစာ နှင့် ကျန့်ခေါက်ခများပြန်လည်ရရှိ

CoverLogo
27 Views
 
ထိုင်းနိုင်ငံ လယောင်ခရိုင် ဘန်းခိုက်မြို့တွင်ရှိသော(အပူပေးစက်ထုတ်လုပ်သည့်စက်ရုံ)တွင် အလုပ်လုပ်နေသော (MOU/PJ)ကိုင်ဆောင်ထား​ေသာမြန်မာအလုပ်သမားကျား၊ မ(၁၄)ဦးတို့၏လုပ်ခလစာနှင့် ကျန့်ခေါက်ခများပြန်လည်ရရှိအောင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း (WAG)အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
အဆိုပါအလုပ်သမား ၁၄ ဦးသည် မတ်လ၂၇ရက်တွင် ကြားစပ်ကုမ္ပဏီနှင့် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး စက်တင်ဘာ၁၅ရက်နေ့တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံခဲ့ရခြင်းအတွက် ကြားစပ်ကုမ္ပဏီကိုအကူအညီတောင်းခံသော်လည်းတာဝန်ယူမရှိသောကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ စက်တင်ဘာ ၃၀ တွင် အလုပ်သမားများ၏ ရသင့်ရထိုက်သော နစ်နာကြေးနှင့် ထိတ်လန့်ကြေးရရှိရန်တွက်မြို့နယ်ဆဝါဒိကန်ရုံးတွင် သွားရောက်ကူညီတိုင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"အောက်တိုဘာ၂၀မှာလုပ်လစာပြန်လည်ရရှိသွားပြီ။ကျန့်ခေါက်ကြေးလည်းပြန်လည်ရရှိသွားပါပြီ။အလုပ်သမားတွေကတစ်ယောက်နဲ့တစ်ယောက်ငွေပမာဏ မတူတော့ဘယ်လောက်လဲမသိတော့မမေးဖြစ်လိုက်ဘူး။အကုန်လုံးတော့လစာနဲ့ ကျန့်ခေါက်ကြေးပြန်ရသွားပါပြီ"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းက Myanmar Labour News ကိုပြောပါတယ်။
 
အလုပ်သမားများအနေဖြင့်လုပ်ခလစာနှင့် ကျန့်ခေါက်ကြေးများပြန်လည်ရရှိသော်လည်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ဖြုတ်ခဲ့ခြင်းအတွက် နစ်နာကြေးနှင့်ထိတ်လန့်ကြေးများရရှိရန်ကူညီဆောင်ရွက်လျက်ရှိကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။

Related posts

Cover
ထိုင်းရှိရေပူရေအေးခွက်စက်ရုံမှမြန်မာလုပ်သား ၁၅၀ လစာနှစ်လစာမရရှိဘဲအလုပ်ထုတ်ခံရ
Oct 20, 2025
Cover
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီး အဆက်အသွယ် မရဖြစ်နေသောမြန်မာနိုင်ငံသား ၈၉ ဦးကို စာအုပ်လာထုတ်ဖို့ တိုကျိုရှိမြန်မာသံရုံးကြေညာ
Oct 20, 2025
Cover
လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ
Oct 20, 2025
Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025