ထိုင်းနိုင်ငံ ပတ်ချဘူရီပြည်နယ် သာယန်းမြို့ ဖက်ကာဆမ်လမ်းမရှိ လမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ထိုင်းအုပ်ချုပ်ရေးအဖွဲ့နှင့်ရဲတပ်ဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမရှိသောမြန်မာနိုင်ငံသားအလုပ်သမား ၈ ဦးအဖမ်းခံခဲ့ရကြောင်း သာယန်းမြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ပတ်ချဘူရီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ထရိုင်ဖော့ပ် ဝေါင်ထရိုင်ရတ်၏ လမ်းညွှန်မှုအရ နိုဝင်ဘာလ၁၁ရက်တွင် သာယန်ခရိုင်မှူး မစ္စတာ ဂွန်ရတ် ဖက်ဆန်သည် ယာဉ်ကြောထိန်းချုပ်ရေးဌာနခွဲမှူး၊ သာယန်ခရိုင် ကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှု (ISOC)၊ နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့ ၁၄၄၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဗျူရို၊ ခရီးသွားရဲတပ်ဖွဲ့၏ ၃ ဌာနခွဲ၊ ဖက်ချာဘူရီပြည်နယ် အလုပ်အကိုင်ရုံးနှင့် သာယန်ရဲစခန်းတို့မှပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဖက်ကာဆမ်လမ်းရှိ လမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ဝင်ရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး အထောက်အထားမဲ့မြန်မာလုပ်သား၈ဦးကိုဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။
အဆိုပါအဖမ်းဆီးခံရသောမြန်မာနိုင်ငံသား၈ဦးတွင် အလုပ်သမား၂ဦးသည်အလုပ်လုပ်ခွင့်လိုင်စင်မရှိသူများဖြစ်ကြပြီး ကျန်အလုပ်သမား၆ဦးသည် အလုပ်လုပ်ခွင့်လိုင်စင် ရော နိုင်ငံကူးလက်မှတ်ရောမရှိကြသူများဖြစ်ကြောင်းသိရပါတယ်။
အဖမ်းအဆီးခံရသောအထောက်အထားမဲ့မြန်မာနိုင်ငံသားအလုပ်သမား၈ဦးအား တရားဥပဒေအရ အရေးယူနိုင်ရန်သာယန်းရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။









