NEWS

ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် CI စင်တာ ၄ ခု ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးမည်

CoverLogo
238 Views
 
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ထုတ်ပေးရေး (Certificate of Identity) စင်တာ ၄ ခု ဖွင့်လှစ် ဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
 
ဝန်ဆောင်မှု ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၅ရက်မှ နိုဝင်ဘာလ ၅ရက် အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ဝန်ဆောင်ခ အဖြစ် ဘတ် ၂၆၇၀ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
 
CI စင်တာ (၁) ကို စမွတ်စခွန်ခရိုင် (Samut Sakhon) - လိပ်စာ: ထိုင်းလေးဈေး၊ အမှတ် ၁/၂၊ ရာမ ၂ လမ်း၊ ရွာအမှတ် ၁၊ သချွင်းခရိုင်၊ မောင်း မှာလည်းကောင်း စင်တာ( ၂)ကို ဆမွတ်ပရာကန် (Samut Prakan) - လိပ်စာ: တော်ဝင်ကော်ပိုရေးရှင်းကုမ္ပဏီ၊ အမှတ် ၃၃၉/၃၁၊ ရွာအမှတ်မှာလည်းကောင်း၊စင်တာ( ၃) ကို ဆူရတ်သာနီ (Surat Thani) - လိပ်စာ: Tapi တက္ကသိုလ်၊ အမှတ် ၄၅/၄၅၊ ရွာအမှတ် ၇၊ Maluan၊ Phunphin မှာလည်းကောင်း စင်တာ(၄)ကို ချင်းမိုင် (Chiang Mai) လိပ်စာ: Dynasty Land၊ အမှတ် ၃၄ - ၃၄/၁၊ ရွာအမှတ် ၆၊ မယ်စ၊ မယ်ရင် မှာလည်းကောင်း ပြုလုပ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ မိမိအဆင်ပြေရာ CI စင်တာ ကိုရွေးချယ်ပြီး ရက်ချိန်းယူကာ ငွေပေးချေမှု ကို 7-Eleven စတိုးဆိုင်တွေမှာ ပေးသွင်းနိုင်တယ်လို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။
 

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025