NEWS

ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၃သိန်းကျော်အတွက် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးကာလ မတ်လအထိ ရက်တိုးမြှင့်ပေး

CoverLogo
198 Views
 
ထိုင်းနိုင်ငံရှိ မြန်မာ၊လာအိုနဲ့ ဗီယမ်နမ် နိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃သိန်းကျော်အတွက် အလုပ်လုပ်ခွင်​့ ပါမစ် သက်တမ်း တိုးရက်ကို ၂၀၂၆ခုနှစ် မတ်လ ၃၁ရက်အထိ ရက် တိုးမြှင့်ပေးလိုက်တယ်လို့ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၂၀ရက်မှာ အတည်ပြုကြေညာပါတယ်။
 
၎င်းအတည်ပြုချက်ကို ၂၀၂၆ ခုနှစ်အတွက် နိုင်ငံခြားသားအလုပ်အကိုင် စီမံခန့်ခွဲမှုမူဝါဒကော်မတီ (COIMP)ရဲ့ ဒုတိယအကြိမ်မြောက် အစည်း အဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ကာ အလုပ်သမားဝန်ကြီး မစ္စစ် ထရီနပ်ခ်ျ သီယန်သောင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
 
အခုသက်တမ်းတိုးတာဟယ ၂၀၂၅ခုနှစ် နိုဝင်ဘာလကတည်းက ပါမစ်သက်တမ်းတိုးဖို့ လျှောက်ထားဆဲ ဖြစ်တဲ့ အလုပ်သမားတွေ အတွက် ဖြစ်ကာ ကျန်းမာရေးအာမခံစာရွက်စာတမ်းများ တင်သွင်း တာ၊ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ အလုပ်လုပ်ခွင့်ကြေး ဘတ် ၉၀၀ ပေးဆောင်ခြင်းတို့နဲ့ ဆက်စပ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်း နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
၎င်းလုပ်ငန်းစဉ်တွေကို ၂၀၂၆ခုနှစ် ဖေဖေါ်ဝါရီ ၂၄ရက်မှာ အပြီးသတ် လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် သက်တမ်းတိုး လုပ်ငန်းစဉ်တွေ ကျန်ရှိနေတဲ့ လုပ်သားတွေ အဆင်ပြေစေဖို့ မတ်လ ၃၁ရက်အထိ အချိန်တိုးပေးလိူက်တယ်လို့ဆိုပါတယ်။
 
အခုလို သက်တမ်းတိုးပေးလိုက်တဲ့ အတွက် လုပ်ငန်းစဉ်မပြီးသေးဘဲ ကျန်ရှိနေတဲ့ လာအို၊ မြန်မာနဲ့ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား (၃၇၅,၀၃၈) ဦး တို့ သက်တမ်းတိုး လုပ်ငန်းကိုအဆင်ပြေစွာ လုပ်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်း အလုပ်သမားဝန်ကြီးဌာနဟာ ကော်မတီအစည်းအဝေးရဲ့ ရလဒ်များကို အစိုးရအဖွဲ့ထံ အတည်ပြုချက်ရယူရန် တင်ပြသွားမှာဖြစ်ပြီး လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားတွေရဲ့ အလုပ်လုပ်ခွင့်ဆိုင်ရာ ကြေညာချက်တစ်စောင်ကိုလည်း အမြန်ဆုံးရေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026