NEWS

ထိုင်းရဲဖမ်းဆီးသဖြင့် ကားမောင်းပြေးရာမှ မြန်မာ ၂၁ ဦးဒဏ်ရာရရှိ

CoverLogo
267 Views
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား တွေကိုတင်ဆောင်လာတဲ့ ယာဉ်ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် လမ်းဘေးရှိ ဓါတ်တိုင်ကိုဝင်တိုက်မှု ဖြစ်ကာ မြန်မာလုပ်သား ၂၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
 
နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁နာရီ ခန့်က ကန်ချနဘူရီပြည်နယ် စန်ခလဘူရီခရိုင် မှာ မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီး ကိုစစ်ဆေးရေးဂိတ်ရှိ ထိုင်းရဲတပ်ဖွဲ့တွေက စစ်ဆေးရန် တားမြစ်ရာယာဉ်ကို မရပ်ပေးဘဲ မောင်းနှင်ထွက်ပြေးစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်မှာ လိုက်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားအမျိုးသား ၄ဦး အမျိုးသမီး၁၇ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ထဲမှ ၃ဦးဟာ ဒဏ်ရာရရှိမှုပြင်းထန်တဲ့ အတွက် စိုးရိမ်ရတယ်လို့ဆိုပါတယ်။
 
စုံစမ်းစစ်ဆေးချက်အရ မြန်မာလုပ်သားအားလုံး ဟာ ရန်ကုန်မှ လာကြပြီး ဘုရားသုံးဆူမှတစ်ဆင့် စန်ခရာဘူရီ ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်
လာခဲ့ကာ ကြက်သတ်စက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ပြီး ပွဲစားကတစ်ဆင့် ဝင်ရောက်လာခဲ့တယ်လို့ ဖြေကြားကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်တိမ်းမှောက်စဉ် မှာ ယာဉ်မောင်းဖြစ်သူက တောထဲ သို့ထွက်ပြေးတိမ်းရှောင်သွားကာ ရဲတပ်ဖွဲ့များက လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ ဒဏ်ရာ အနည်းငယ်ရသူတွေကို ဆေးကုသပေးပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်သွားကာ ဥပဒေအရ အရေးယူရန် လုပ်ဆောင်လျက်ရှိပြီး ဒဏ်ရာ ပြင်းထန်သူတွေကိုတော့ စန်ခရာဘူရီဆေးရုံ ပို့ ပို့ဆောင်ထားကာ ဆေးကုသလျက်ရှိကြောင်း သိရပါတယ်။
 
Ref-Kanchanaburi News

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026