NEWS

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့  လုပ်အားခ ခေါင်းပုံဖြတ်မှုများကြုံနေရ

CoverLogo
533 Views

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့  လုပ်အားခ ခေါင်းပုံဖြတ်မှုများကြုံနေရ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မတူညီတဲ့
လုပ်ငန်းခွင်များမှ အလုပ်သမား (၂၁) ဦးနှင့်အတူ (၂၀-၈-၂၀၂၃ တနင်္ဂနွေနေ့)မှာ စကားဝိုင်းပြုလုပ်ခဲ့ကြပါတယ်။

မဲဆောက်ဒေသတွင်း မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုကျော်လွှားကြမလဲ၊ ဘယ်လိုပြင်ဆင်ကြမလဲ၊ စုပေါင်းပြီး အဖြေရှာနိုင်ဖို့အတွက် အလုပ်သမားအချင်းချင်းတွေ့ဆုံဆွေးနွေးကြတဲ့ စကားဝိုင်းကို ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့စကားဝိုင်းဆွေးနွေးချက်တွေအရ အထည်ချုပ်လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေ ကြုံတွေ့နေရပြီးဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်အားခခေါင်းပုံဖြတ်တောက်ခံနေရတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဆွေးနွေးမှုတွေအရ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ နေ့စားကြေး ဘတ် ၂၀၀ ပေးမယ်လို့ ပြောဆိုပေမယ့် လုပ်အားခပေးချေရာမှာ ဘတ် ၁၈၀ သာ ပေးချေတာ၊ ထိုင်းဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း မဲဆောက်ဒေသတွင်းမှာ တစ်ရက်လုပ်အာခ(၃၂၂)ဘတ် အပြည့်အဝ မရတာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံတွင်းကို ပြည်တွင်းက တရားမဝင် ရွှေ့ပြောင်းသွားလာမှု  မြင့်တက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လုပ်အားခခေါင်းပုံဖြတ်တာတွေဟာ အရင်ထက်များလာတယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမား အရေး လုပ်ဆောင်သူတွေက ဆိုပါတယ်။

#MyanmarLabourNews 


Related posts

Cover
ခွင့်ပြန် EPS လုပ်သားများ ထွက်ခွာခွင့်အမည်စာရင်း ပါရှိမှသာ ပြည်ပကို ပြန်ထွက်နိုင်မည်ဟုဆို
May 09, 2025
Cover
ပြည်ပမှခွင့်ပြန် အမျိုးသားလုပ်သားများ အသက်ကန့်သက်ချက်အကျုံးဝင်သည်ဆိုကာ ပြည်ပပြန်ထွက်ခွင့်မရ
May 06, 2025
Cover
တရုတ်မယားအဖြစ် လူကုန်ကူးသူတွေကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်မှ နှစ်၂၀ စီချ
May 06, 2025
Cover
OWIC ကတ် လျှောက်ထားသူ ၁၀၀ ကျော် စာရွက်စာတမ်း မပြည့်စုံသဖြင့် ပြန်လည်လျှောက်ထားခိုင်း
May 05, 2025
Cover
အိုမန်မှ ပေးစာ_၂
May 04, 2025
Cover
အကြောင်းမဲ့ အလုပ်ဖြုတ်သည့် လုပ်ငန်းရှင်ကို တိုင်ကြားခဲ့သည့် မြန်မာလုပ်သားများ နစ်နာကြေးဘတ် ၅ သိန်း ကျော်နှင့်စာရွက်စာတမ်းများပြန်ရ
May 04, 2025
Cover
အချက်အလက်မစုံလျင် OWIC ကတ် ပြုလုပ်ခွင့် စာရင်းမသွင်းပေးဟုဆိုလာ
May 03, 2025
Cover
ထိုင်းကို အထောက်အထားမဲ့ ဝင်ရောက်သည့်   မြန်မာအလုပ်သမား ၃၀ ကျော် အဖမ်းခံရ
May 03, 2025