NEWS

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများ ၁၄ရက်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် အနေထိုင်ဆင်ခြင်သည့် လှုပ်ရှားမှု ပြုလုပ်

CoverLogo
125 Views
 
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတွေ အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခ တွေကို မလို လားကြောင်းနဲ့ အေးချမ်းစွာနေထိုင်လိုကြောင်း၊ စည်းကမ်းရှိစွာ ယဉ်ကျေးကြောင်း ပြသတဲ့ အနေနဲ့ ၁၄ရက်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်မယ့် လှုပ်ရှားမှု ပြုလုပ်လျက်ရှိတယ်လို့ မြန်မာအလုပ်သမားအရေးကူညီသူတွေ ထံမှ သိရပါတယ်။
၁၄ရက်တာ လှုပ်ရှားမှု ကို ဇန်နဝါရီ ၂၆ရက်က စတင် ခဲ့တာ ဖြစ်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားတွေ အများဆုံးရှိတဲ့ အယုဒယ၊မဟာချိုင်နဲ့ မဲဆောက်မြို့က ရပ်ကွက် တွေ ရှိ မြန်မာလုပ်သားတွေ အများပြားပါဝင်ဆင်နွဲနေတယ်လို့ သိရပါတယ်။
 
၎င်း လှုပ်ရှားမှုဟာ ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုံဆော်တာမျိုး မဟုတ်ဘဲထိုင်းရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ လူစည်ကားတဲ့နေရာ တိတ်ဆိတ်တဲ့နေရာတွေမှာ အသံကျယ်လောင်စွာပြောဆိုခြင်းမပြုရန်၊ကွမ်းတံတွေးနဲ့အမှိုက်စွန့်ပစ်ရာမှာ စည်းကမ်းရှိရန်၊ပတ်ဝန်းကျင်ကို စိတ်အနှောက်ယှက်ဖြစ်စေတဲ့ အရာတွေ မပြုလုပ်ရန် ၊ပွဲလမ်းသဘင်သွားလာခြင်း၊သောက်စားမူးယစ်ခြင်း ရန်လိုခြင်းတွေကို ရှောင်ကြဉ်ရန် စတဲ့အချက်တွေပါဝင်တယ်လို့ လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်သူတွေ က နှိုးဆော်ထားပါတယ်။
 
၁၄ရက်တာ လှုပ်ရှားမှု တွင် အလုပ်သွားခြင်းကဲ့သို့သော မရှိမဖြစ် နေ့စဉ်လုပ်ငန်း ဆောင် တာများကို တော့ ပုံမှန် လုပ်ဆောင်ကျရပြီး အလုပ်ပြီးပါက အိမ်သို့ တန်းပြန်ရန်နှင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကာ ငြိမ်သက်စွာ နေထိုင်ကြရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
"နှစ်ပတ်တာ ငြိမ်သက်တိတ်ဆိတ်ခြင်း ဆိုတာ စည်းကမ်းရှိကြောင်း နှိမ့်ချတတ်ကြောင်း ယဉ်ကျေးကြောင်း၊လိမ္မာပါးနပ်စွာနဲ့ဖော်ထုတ်တဲ့ လုပ်ဆောင်ချက်ပါ ဆန္ဒပြတာ၊သပိတ်မှောက်တာ မဟုတ်သလို နိုင်ငံရေးလှုပ်ရှားမှုလဲ မဟုတ်ပါဘူး ရည်ရွယ်ချက်က အေးအေးချမ်းချမ်းနေလိုတာကို ပြသတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်"လို့ AAC ကိုရဲမင်း က ပြောပါတယ်။
 
ယခု လှုပ်ရှား မှု ကြောင့် ထိုင်းနိုင်ငံရှိ ဈေး တွေ လမ်းတွေ နဲ့ နေရာအချို့မှာ လူအသွားအလာ အလွန် နည်းသွား ကာ လှုပ်ရှားမှု ပြုလုပ်တာနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံက အဖွဲ့အစည်းအချို့က ဝေဖန်တာတွေရှိပေမယ့် လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်သူတွေ က ထိုင်းရောက် မြန်မာလုပ်သားတွေ အနေနဲ့ ပြန်လည် တုံပြန် ပြောဆိုတာမျိုး မလုပ်ဘဲ အလုပ်ပုံမှန်ဆင်းဖို့ကိုသာ တိုက်တွန်းထားပါတယ်။
 
Photo-Ye Min (AAC)

Related posts

Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026