ထိုင်းနိုင်ငံ စမွတ်ဆာခွန် ခရိုင်၊မဟာချိုင်နယ်မြေ မှာ မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးဟာ ဆိပ်ခံတံတားပေါ်ကနေ မြစ်ထဲသို့ ခုန်ချအဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဖေဖေါ်ဝါရီ ၁၈ ရက် နံနက် ၁နာရီ ဝန်းကျင်မှာ မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးဟာ ထာ့ချလုံ (Tha Chalom) ဆိပ်ခံတံတားပေါ်ကနေ ထာကျင့်မြစ် ထဲသို့ ခုန်ချခဲ့တယ်လို့ ဆိုပါတယ်။
၎င်းနေရာဟာ ငါးပုဇွန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ အလုပ်ရုံများနှင့် ငါးဖမ်းလှေများ ဆိုက်ကပ်ထားတဲ့ ဆိပ်ကမ်းဧရိယာ ဖြစ်ကာ ရေထဲ ခုန်ချမှု ဖြစ်ပြီးနောက် ဒေသခံတွေနဲ့ မျက်မြင်သက်သေတွေက ဝိုင်းဝန်းရှာပေးပေမယ့် အမှောင်ထုကြောင့် မတွေ့ရှိခဲ့ပဲ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့တာဝန်ရှိသူတွေ ဆက်လက်ရှာဖွေကျရာ မနက်၈နာရီ ခန့်မှာ ရုပ်အလောင်းကို အခင်းဖြစ်ပွားရာ နဲ့ မနီးမဝေးရှိ ရေမျက်နှာပြင် ပေါ် ပေါ်လာတာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပရဟိတအသင်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ရုပ်အလောင်း ကို မြစ်အတွင်းမှ ဆယ်ယူပေးပြီး သေဆုံးရတဲ့ အကြောင်းအရင်း သိရှိရန် အတွက် ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုပြုလုပ်မယ်လို့ သိရပါတယ်။
အခုလို ရေထဲခုန်ချ တဲ့ အကြောင်းအရာ မသိရှိရပေမယ့် လူမှုကွန်ယက် မှာတော့ သေဆုံးသူ မြန်မာအလုပ်သမား အမျိုးသမီးရဲ့ မိသားစု ဝင်တွေ သိရှိစေဖို့ သေဆုံးသူရဲ့ ဓါတ်ပုံနဲ့ အလုပ်သမားမှတ်ပုံတင် တို့ကို မြန်မာလုပ်သား အချင်းချင်း သတင်းမျှဝေပေးတာတွေ တွေ့မြင်ရပါတယ်။









