NEWS

ထိုင်းရောက် မြန်မာလုပ်သား တွေကို နေထိုင်ခွင့်သက်တမ်း ၆လ ထပ်တိုးပေး

CoverLogo
243 Views
 
ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးထားသူတွေနဲ့ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို နေထိုင် အလုပ်လုပ်ခွင့် သက်တမ်း ၆ လထပ်မံ တိုးပေးဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်(Pongkawin)က ဇူလိုင်လ ၈ ရက်နေ့ ကပြောကြားလိုက်ပါတယ်။
 
အခုလို သက်တမ်းတိုးပေးရခြင်း ဟာ မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်ပေးရမယ့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ထုတ်ပေးရေးလုပ်ငန်းစဉ် ပြုလုပ်ဖို့ အတွက် အချိန် ထပ်တိုးပေးတာဖြစ်တယ်လို့ဆိုပါတယ်။
 
ယခင်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ သက်တမ်းတိုးစောင့်နေတဲ့ မြန်မာအလုပ်သမားတွေ တရားဝင်နေထိုင်ခွင့်ကို သြဂုတ် ၁၃ ရက်နေ့အထိ ရွှေ့ဆိုင်းပေးခဲ့ပေမယ့် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှု၊ ငလျင်သဘာဝဘေးအန္တရာယ်တွေကြောင့်မြန်မာဘက်မှ ပြုလုပ်ပေးရမယ့် CI ထုတ်ပေးရေး လုပ်ငန်းစဉ်ကို မဆောင်ရွက်နိုင်သေးဘဲကြန့်ကြာနေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကဆိုပါတယ်။
 
ယခုမှာတေ့ာ ၎င်း CI ထုတ်ပေးရေး လုပ်ငန်းစဉ် တွေ အတွက် မြန်မာနိုင်ငံ ဘက်မှ ဇူလိုင် ၁၅ရက်မှာ စတင် လုပ်ဆောင်ပေးမယ်လို့ အကြောင်းကြားလာတာကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့် ပါမစ် သက်တမ်းတိုး လုပ်ငန်းစဉ် ကိုအချိန်မီ ဆောင်ရွက် ဖို့ အတွက် နောက်ထပ် ၆လ ကို ထပ်မံ သက်တမ်းတိုးပေးတာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအသစ် မစ္စတာ ဖုန်ကဝင်(Pongkawin)ကပြောပါတယ်။
 
ဒါကြောင့် ပန်းရောင်ကတ်ကိုင်ထားတဲ့ မြန်မာလုပ်သားတွေနဲ့ ပါမစ်သက်တမ်းတိုးထားသူတွေဟာ စာရွက်စာတမ်းတွေ အပြည့်အစုံ မရသေးရင်တောင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အထိ ထိုင်းမှာ တရားဝင် နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
Ref- Matichon Online News

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026