NEWS

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး သတိပြုဖို့ မြန်မာသံရုံး ထုတ်ပြန်

CoverLogo
190 Views
 
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသတွေ မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ် နေတဲ့ အတွက်ထိုင်းရောက်မြန်မာနိုင်ငံသားတွေ လုံခြုံရေးသတိပြု ဖို့ ဘန်ကောက်ရှိမြန်မာသံရုံးက ဇူလိုင် ၂၅ရက်က ထုတ်ပြန်အသိပေးထားပါတယ်။
 
အခုလို နယ်စပ်မှာဒေသတွေမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် ပြည်သူတွေ ကို အန္တရာယ်ကင်းရာသို့ ရွှေ့ပြောင်းရန် သတိပေးထားကြောင်း သိရပါတယ်။
 
ဒါကြောင့် မြန်မာနိုင်ငံသားတွေ အနေနဲ့ လည်း ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသတွေ ကို ခရီးသွားလာခြင်း ရှောင်ရှားရန်နဲ့နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေဖို့ သတိပြုရန် မြန်မာသံရုံးက ထုတ်ပြန် ထားပါတယ်။
 
ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှု ဟာ ဇူလိူင်လ ၂၄ ရက်နေ့နံနက်ပိုင်းမှ စတင်ခဲ့ကာလက်ရှိအချိန် ထိ ပစ်ခတ်မှုတွေရှိနေတယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
 
ယခုပြသာနာများကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားတွေနဲ့ကမ္ဘောဒီးယားလူမျိုး တွေကြား အခြေနေတင်းမာမှု တွေရှိတဲ့ အတွက်မြန်မာနိင်ငံသားတွေ အနေနဲ့ အထင်မမှားစေဖို့ အနေထိုင်သတိပြုကျရန် မြန်မာလူမှုအဖွဲ့စည်းတွေကလည်းသတိပေးထားပါတယ်။
 
တိုက်ပွဲများကြောင့် နယ်စပ်ဒေသမှ ထိုင်းဒေသခံ ၁ဝဝ,ဝဝဝ ကျော် စစ်ဘေးတိန်းရှောင်နေရပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025