NEWS

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး သတိပြုဖို့ မြန်မာသံရုံး ထုတ်ပြန်

CoverLogo
312 Views
 
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသတွေ မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ် နေတဲ့ အတွက်ထိုင်းရောက်မြန်မာနိုင်ငံသားတွေ လုံခြုံရေးသတိပြု ဖို့ ဘန်ကောက်ရှိမြန်မာသံရုံးက ဇူလိုင် ၂၅ရက်က ထုတ်ပြန်အသိပေးထားပါတယ်။
 
အခုလို နယ်စပ်မှာဒေသတွေမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် ပြည်သူတွေ ကို အန္တရာယ်ကင်းရာသို့ ရွှေ့ပြောင်းရန် သတိပေးထားကြောင်း သိရပါတယ်။
 
ဒါကြောင့် မြန်မာနိုင်ငံသားတွေ အနေနဲ့ လည်း ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသတွေ ကို ခရီးသွားလာခြင်း ရှောင်ရှားရန်နဲ့နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေဖို့ သတိပြုရန် မြန်မာသံရုံးက ထုတ်ပြန် ထားပါတယ်။
 
ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှု ဟာ ဇူလိူင်လ ၂၄ ရက်နေ့နံနက်ပိုင်းမှ စတင်ခဲ့ကာလက်ရှိအချိန် ထိ ပစ်ခတ်မှုတွေရှိနေတယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
 
ယခုပြသာနာများကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားတွေနဲ့ကမ္ဘောဒီးယားလူမျိုး တွေကြား အခြေနေတင်းမာမှု တွေရှိတဲ့ အတွက်မြန်မာနိင်ငံသားတွေ အနေနဲ့ အထင်မမှားစေဖို့ အနေထိုင်သတိပြုကျရန် မြန်မာလူမှုအဖွဲ့စည်းတွေကလည်းသတိပေးထားပါတယ်။
 
တိုက်ပွဲများကြောင့် နယ်စပ်ဒေသမှ ထိုင်းဒေသခံ ၁ဝဝ,ဝဝဝ ကျော် စစ်ဘေးတိန်းရှောင်နေရပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026