NEWS

ထိုင်းရောက် MoUလုပ်သား ၅၀၀ လုပ်ခလစာမရလို့ ဆန္ဒပြတောင်းဆို

CoverLogo
422 Views

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြို့ က ItaIian Thai DeveIopment Public Co.,Ltd ရဲ့ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ် လုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ လုပ်ခလစာမရလို့ ဆန္ဒပြတောင်း ဆိုခဲ့ကြတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။   

 

“လုပ်ခလစာမရတော့၊ စားစရာမရှိဘူး ။ ခက်ခဲလာတယ်။ ဒါကြောင့် လုပ်ခလစာရရှိဖို့ ဆန္ဒပြတောင်းဆိုတာပါ။ ငြိမ်ငြိမ်လေးတောင်းတာ မရလို့ ဆန္ဒပြတောင်းဆိုတာပါ”လို့ ဆန္ဒပြ အလုပ်သမားတဦးက ပြောပါတယ်။ 

 

လုပ်ခလစာရရှိရေးအတွက် မတ်လ၆ရက်နေ့ကတည်းက အလုပ်သမားတွေ တောင်းဆိုနေကြတာဖြစ်ပေမဲ့ ဖြေရှင်းပေးတာမရှိလို့ မတ်လ ၇ရက်မှာတော့ လုပ်ခလစာရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ တောင်းဆိုမှု ပြုလုပ်နေစဉ် ကုမ္ပဏီဘက်က ထိုင်းအာဏာပိုင် ရဲတပ်ဖွဲ့ကိုခေါ်ယူခဲ့တာကြောင့် အာဏာပိုင်တွေ လာရောက်ညှိနှိုင်းပြီး ညနေပိုင်းမှာ လုပ်ခလစာတွေရရှိခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။   

 

“ဖလန်စမ်းမှာ ဖြစ်သွားတာပါ။ ဆောက်လုပ်ရေးအလုပ်သမားတွေပါ။ ခုညနေ အကုန်ရ သွားကြပြီ”လို့ ထိုင်း ရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်သူတဦးက ပြောဆိုပါတယ်။ 

ItaIian Thai DeveIopment Public Co.,Ltdကနေ လုပ်ခလစာ ရရှိရေးဆန္ဒပြတောင်းဆိုကြတဲ့ အလုပ်သမား တွေဟာ MOU အလုပ်သမား ၃၀၀ကျော်နဲ့ CI အလုပ်သမား၁၀၀ကျော် အလုပ်သမား စုစုပေါင်း ၅၀၀ ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။  

 

လုပ်ခလစာ စုစုပေါင်း ဘတ်သိန်း ၆၀ ကျော်ရရှိဖို့ ကူညီပေးနိုင်ရေးအတွက် မတ် ၇ ရက် မနက်ပိုင်းမှာ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ WAG ဆီ အဲဒီ အလုပ်သမားတွေက အကူညီတောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။

 #MyanmarLabourNews


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026